" မေဘာချက်နေလဲ"
မီးဖိုခန်းထဲတွင် တကုတ်ကုတ်နှင့်ချက်နေသော မေ
အား မေးလိုက်သည်..." ကြက်ဥပေါက်မုန့်ကြော်နေတာ.... သားဗိုက်ဆာပီလား... မုန့်ဟင်းခါးက ကျက်နေပီ.... ဒါပေမဲ့ မစား
နဲ့ဦးနော်.... မိမိတို့ကိုစောင့်ရဦးမှာ"" မဆာသေးဘူး မေ.... သား ကော်ဖီဖျော်ပေး
မယ်"ဆိုရင်း ကော်ဖီအစေ့များအား coffee Maker ထဲသို့
ထည့်ကျိတ်လိုက်သည်... ရလာသောအမှုန့်အား
ရေနွေး နှင့် နှပ်လိုက်သည်... တဖြည်းဖြည့်ချင်းကျ
နေသည်မို့ စောင့်ရင်းနှင့် အတွေးတွေပတ်ချာလည်
နေမိသည်.....ကျွန်တော် အကို့ကို စတွေ့တွေ့ချင်း အရမ်းသဘော
ကျမိသည်.... သူရဲ့ အနေအထိုင်တည်ကြည်မှု...
US ကပြန်လာတာဆိုပေမဲ့ ဟော့ဟော့ရမ်းရမ်းမရှိပေ
ပီးတော့အဆိုးဆုံးက... ကျွန်တော့အကို့ရဲ့ အင်္ကျီမရှိ
တဲ့ ရင်ခွင်ဗလာနဲ့မြင်ရင် အရမ်းရှက်တတ်တာကို
ဖြစ်လေသည်.......အကိုတို့မိသားစု ကျွန်တော်တို့အိမ်ကို ရောက်နေ
သည်မှာ ၂ ပတ်တောင်ကျော်ပီဖြစ်လေသည်....အကိုတို့မွေးရပ်က ပြင်ဦးလွင် ကလို့မေမေကတော့
ပြောလေသည်.... ဒါပေမဲ့ အကို့ဖွား ဆုံးပီးက
တည်းက ပြင်ဦးလွင်ကနေ US သို့ပြောင်းသွား
ကြလေသည်..... အခုမှ မြန်မာပြည်ကို အလည်အပတ်
သဘောဖြင့်ရောက်လာကြလေသည်....အစကတော့နှစ်ပတ်လောက်နေပီးပြန်မလို့
ပေမယ့်.... အခုက မင်္ဂလာကိစ္စနဲ့ဆိုတော့ တလ
ကျော်လောက်တောင် နေရမည်ဖြစ်သည်....ကျွန်တော်မနက်က အကို့အပေါ်ပြုမူလိုက်တဲ့ အပေါ်
ကိုယ့်ကိုယ်ကို ဝေခွဲမရဖြစ်နေလေသည်....ဘာကြောင့်နမ်းမိသွားလဲအဖြေကိုမထုတ်ချင်ပေ
မဲ့လဲ,... မသိစိတ်က သူ့ဘာသာ အဖြေထုတ်နေ
ပြန်သည်,,..ဒါပေမဲ့ ရေရာတဲ့အဖြေရယ်လို့ ထွက်
မလာပေ.....အား.... ခေါင်းရှုပ်လာပီ..... သူလဲငါ့ကိုနမ်းတာပဲ....
ငါလဲနမ်းတယ် ဘာဖြစ်လဲဆိုပီး ကလေးအတွေး
တွေးပစ်လိုက်သည်...." ဖြူလေး.... တစ်ယောက်တည်းလုပ်ပြန်ပီ.... ငါ့ကိုနှိုးပါ
ဆိုမှ"
![](https://img.wattpad.com/cover/134938119-288-k759654.jpg)