Part-39

11.8K 745 10
                                        

သင်္ကြန်အကြိုနေ့တွင် လူများကျိတ်ကျိတ်တိုးစည်
ကားလျှက်.....
ကျုံးဘေးပတ်ပတ်လည်မှာလည်း ကား ဆိုင်ကယ်
တွေနဲ့ပြည့်ကျပ်လျှက်ရှိသည်....

VIP မဏ္ဍပ်မို့ နိုင်ငံကျော် အဆိုတော်များစွာက
လဲ သီဆိုဖျော်ဖြေနေကြသည့်အပြင် Dancer
အဖွဲ့ နှင့် ယိမ်းအကအဖွဲ့တွေလဲ သူအလှည့်နှင့်သူ
ဖျော်ဖြေနေကြသည်....

ကျွန်တော့်ဆိုင်လေးကတော့ လက်မလည်အောင်
ရောင်းကောင်းနေရသည်....
ခပ်သွက်သွက် ကောင်မလေးတွေက Coffee
ဖျော်ဆရာလေးနဲ့ ဓာတ်ပုံရိုက်ချင်လို့ပါ...
အကို့ဆိုင့်က ကော်ဖီနဲ့မုန့်ကိုစားချင်လွန်းလို့
တကူးတက လာခဲ့ရတာ... စသည့် မျိုးစုံသော
အကြောင်းပြချက်များကြောင့် မအားသည့်ကြား
ကဓာတ်ပုံလည်းထွက်အရိုက်ခံရသလို....
စကားတွေလဲဖောင်ဖွဲ့ကာ ပြောရသေးသည်....

နေ့လည်နေ့ခင်း လူနည်းနည်းပါးနေတာမို့ ဆိုင်ကို
ဝန်ထမ်းတွေနဲ့လွှဲကာ မိပိုး နှင့် ကျွန်တော်
ပွဲစီစဉ်သူလာပေးသော...ကြာဇံကြော် အား
နှစ်ယောက်မျှစားနေရင်းက.....

" အမလေး .. ငါတို့အသည်းတို့များ စန်းတွေပွင့်
နေတာ... မပြောသေးဘူး... နည်းနည်းပါးပါး
ဧည့်ဝတ်ကျေရင် ရပီလေ.. ဘယ်နဲ့...

ဟိုကလေးကလား ဆတ်စလူးမတွေကလဲ
ငါ့တို့အသည်းက  ဓာတ်ပုံတွဲရိုက်ရအောင်
Cele လဲမဟုတ်..... ဖက်လားဆွဲလားနဲ့....
ဟူး.... ငါနော် ဆောင့်ကန်ပစ်ချင်တာပြောမနေနဲ့
နင်ကလည်း နွားသိုး အောက်သွားမရှိသလို
တဟီးဟီးနဲ့...."

" အဟွတ်ဟွတ်.... အဟွတ်"
မိပိုးအပြောတွင် ကြာဇံကြော်ပါနင်သွားရသည်....
ရင်ဘတ်ကိုထုရင်းက

" ပိုးဥရာ... ပြောလိုက်ရင်တဆုံးပဲ.....
ငါက ဆိုင်အတွက် ဝန်ဆောင်မှု အနေနဲ့ လုပ်
ပေးတာပါ.... ဘာမှ အပန်းကြီးတာ မဟုတ်တာကို"

" မသိဘူး... ဇက်လာရင် နင့်ကို ရိုက်သတ်ခိုင်းမှာ
ငါက မလုပ်ရက်လို့"

ကျောင်းတုန်းကအတိုင်းမပြောင်းလဲပဲ ကျွန်တော့
ကိုဆို မိန်းကလေးတွေနဲ့ ပက်သက်တာလုံးဝ
မကြိုက်..... လာပက်သက်ချင်တဲ့ မိန်းကလေး
တွေရှေ့က အမြဲကာဆီးကာဆီးနဲ့....
......
ဒါပေမယ့် ဘယ်လိုပဲပြောပြော ကျွန်တော့် အပေါ်
အနွံတာခံတာ ကျွန်တော် အသိဆုံးမို့ သူတို့
ပြောတာလောက်က ပန်းနဲ့ပေါက်သည့်အလား....
အခုတောင် ဇက်မလာသေးလို့..:. ဇက်လာရင်
နှစ်ယောက်ပေါင်းပီး နားတွေညီးနေအောင်
ပွားတာ ခံရဦးမည်....

မင်းဖြစ်နေလို့ ( complete)Onde histórias criam vida. Descubra agora