Part - 23

13.1K 800 2
                                    




အဆက်မပြတ် ချောင်းဆိုးနေတာအခုမှ သက်သာတော့သည်...

ဘာစိတ်ကူးတွေပေါက်ပီး... Heart Sign တွေလုပ်ပြမှန်းမသိ...

သူအဲလိုတွေလုပ်တတ်လိမ့်မယ်လို့မထင်ထားတာလည်းပါလိမ့်မည်....

ကျွန်တော် နှစ်နှစ်ခြိုင့်ခြိုင့်ပြုံးမိသည်....

ခင်ဗျား ကျွန်တော့အပေါ် သိပ်ပြုစားလွန်းတယ်ဗျာ...

အချိန်တိုတိုအတွင်းမှာ သူ့ဂရုစိုက်မှုတွေ သည်းခံမှုတွေ ကြင်နာမှုတွေကို လစ်လျှူမရှုနိုင်လောက်အောင်ကို အကို့အပြုအမူတွေက ခံစားလို့ရလေသည်...

ထမင်းစားအပီးတွင် ပိတ်ခြင်းမြောင် လှိုက်ဂူသို့ချီတက်လာကြသောကျွန်တော့တို့အဖွဲ့....

ကျွန်တော့မှာတော့ အကိုနဲ့တွေ့ချင်နေသဖြင့် အကိုကြီးမျက်လုံးအောက်ကလွှတ်အောင်ကြိုးစားရဦးမည်...

လူတွေအရမ်းများ ကားတွေကလည်းများ... ဖြစ်နေတာမို့ ဘုရားအတွင်းကားဝင်လို့မရပေ...

လမ်းမှာကားရပ်ပစ်ခဲ့ပီး..... လမ်းလျှာက်လာကြသည်......

လူတွေအရမ်းများတော့ မိန်းကလေးဖြစ်တဲ့အမကို ကူတွဲနေရတဲ့ အကိုကြီးက ကျွန်တော့အားဂရုစိုက်ခြင်ပေမယ့်.... ကျွန်တော့က..

" ရတယ် ကိုကြီး... သားဖြစ်တယ်...သား မိပိုးတို့နဲ့သွားလိုက်မယ်"

ဆိုပီး ပိုးဥတို့ဘက်ပြေးလာခဲ့လိုက်တယ်....

"ဂရုစိုက်ဦးနော် ငယ်လေး....ညီ ငယ်လေးကိုကြည့်ပေးဦး... ရေတွေနဲ့ ချော်လဲမှာစိုးလို့...."

ကိုကြီးက ကျွန်တော့ကို အကို့လက်ထဲအား အပ်လိုက်ပါတော့သည်....

ဘယ်ပြောကောင်းမလဲဗျာ..... ကျွန်တော့တို့ နှစ်ယောက်သားပျော်တာပေါ့....

ဒါပေမယ့်လဲ ပျော်တဲ့အမူအယာ မပြရဲပေ.....

အင်း ..ဘာမှမဖြစ်လောက်ပါဘူးလေ... ငါကကို အစိုးရိမ်လွန်နေတာဖြစ်မှာပါ...

အောင်လေး လဲစိတ်လျှော့ပစ်လိုက်သည်.... ဟိုကလေးမလေးတွေက လျှောက်စနေတာနေမှာ....

မင်းဖြစ်နေလို့ ( complete)Donde viven las historias. Descúbrelo ahora