Hotel ထဲကထွက်လာပီး ကန်တော်ကြီးမျှော်စင်ကျွန်း
ထဲမှ စားသောက်ဆိုင်တွင်ဝင်ထိုင်သည်အထိ အကိုက
ငြိမ်နေလေသည်....လူဆိုတဲ့အမျိုးက လိုက်စရင်လည်းမကြိုက်ပြန် ...
မစဘဲ ငြိမ်နေပြန်ရင်လည်း မနေတတ်နဲ့...
လူ့အလို နတ်မလိုက်နိုင်ဆိုတဲ့အတိုင်းပင်..." အကိုနေမကောင်းဘူးလား... ခေါင်းကိုက်လို့လား"
AD တစ်ယောက်ကတော့ ကန်ရေပြင်အား ကြည့်ရင်
ဘာမှမကြားလောက်အောင်ပင် အတွေးတွေက နှိပ်
စက်နေလေသည်...
ငါ.. မှူးလေးကို ကြိုက်တာမဟုတ်လောက်ပါဘူး...
ဟုတ်တယ်... ငါမချစ်ဘူး...ချစ်စရာကောင်းလို့...
ကလေးတယောက်လိုမျိုးချစ်တာ...ဟုတ်တယ်" အကို...အကို"
လက်အား ကိုင်လှုပ်မှ သတိဝင်လာပီး
" ဟင်...ဘာလဲ"" ဟာအကိုရာ... နေမကောင်းဘူးလားလို့မေးနေတာ
အခါတရာမကတော့ဘူး""ကောင်းပါတယ်...ဘာမှမဖြစ်ဘူး... ဘာမှာထားလဲ"
"မြေအိုးမြည်းရှည် မှာထားတာ....
စတော်ဘယ်ရီ ဖျော်ရည် နှစ်ခွက်နဲ့ တခြားဘာ
မှာဦးမလဲ"" အင်းရပါတယ်... အဆင်ပြေတာသာမှာလိုက်
ဘာဖြစ်ဖြစ်စားပါတယ်"" ကောင်မလေးကိုလွမ်းနေတာလား အကို"
မှူးလေးမေးလိုက်တော့ AD တစ်ယောက်အသံ
ထွက်အောင်ပင်ရယ်မိသည်...
အင်းရည်းစားဆိုမှ ကိုယ့်မှာ အတည်တကျတွဲတဲ့
ကောင်မလေးဆိုတာ မရှိခဲ့ပါ.... ဒီအတိုင်းတွဲလိုက်
တာပဲရှိသည်...ချစ်လားလို့မေးရင်တော့ NO ပါ
ကိုယ်ကချည်းကပ်စရာမလို......
သူတို့က တွဲကြရအောင်
လာပြောရင်တော့... လက်ခံနိုင်လောက်တဲ့အတိုင်း
အတာဆို လက်ခံပီးတွဲလိုက်တာပဲရှိသည်...." ဘယ်လိုထင်လို့လဲ... ကိုယ်ကအဲလောက်သိသာ
တယ်ပေါ့"" အကိုက ဘာစကားမှမပြောဘဲ တွေတွေကြီး
ဖြစ်နေတော့ ရည်းစားကိုများလွမ်းနေတာလားလို့""ဟုတ်မှာပေါ့..."
အခုလောလောဆယ် မှူးလေး အဲလိုသိထားမှ ကိုယ့်အတွက် အဆင်ပြေနိုင်မှာမို့...ကိုယ့်ရင်ထဲမှာ ဖြစ်နေတဲ့အရာတွေကို ဘယ်သူ့ကိုမှ
အမှန်တိုင်း ပေးမသိချင်မိပေ... ကိုယ်ကိုယ်တိုင်တောင်
ဝေခွဲမရဖြစ်နေတော့လည်း...ဟူး...
