Part-41

13.7K 780 7
                                        

နားရွက်ဖျားများနီရဲနေအောင် ရှက်နေသည့်ကလေး
အား  ဘယ်လိုအူယားမိမှန်းမသိပေ...

ကလေးသည် အရင်လိုနုနုဖတ်ဖတ်နှင့် အားနည်း
သည့်ပုံစံမဟုတ်တော့.... Gym ဆော့ထားလို့
လားမသိ အရင်ကထက် တောင့်တောင့်တင်းတင်း
ရှိလာသည့်အပြင် ဆံပင်ကလဲ အရင်လို အရှေ့ကို
မချထာတော့ဘဲ ဂျဲဖြင့်ထောင်ထားသည်မို့
ယောင်္ကျားဆန်ဆန်ကြည့်ကောင်းနေသည်....

လူကြီးလေးဆန်လာတာပေါ့ဗျာ.... အဲဒါလေးကိုပဲ
ဒီလူက အသည်းယားနေရသည်...

Coffee ဖျော်ကာ ဝယ်သူတွေအား Customer Service  ပေးနေသည်မို့.... ကျွန်တော်..ကလေး
နောက်ကပဲထိုင်ကြည့်နေလိုက်သည်....

သွေးကြောစိမ်းလေးတွေပင်မြင်နေရသော
ပါးပြင်.... ဖြူဖွေးသော လည်တိုင်လေးအား
ကြည့်ရင်း.... အနားသို့ကပ်လာမိကာ
ကလေးနားနားကပ်ပီး......

" ကိုယ် နမ်းချင်တယ် ကလေးရာ...."
............

နားနားကပ်ကာ ပြောလာသော အကို့စကား
ကြောင့် လူကတုန်တက်သွားပီး....
ရင်တွေ ထိန်းမရသိမ်းမရ ခုန်နေတော့သည်....

" ဟာဗျာ... ငြိမ်ငြိမ်နေ.... ဝန်ထမ်းတွေအကြည်
အငြိုပျက်တယ် ခင်ဗျား....."

အကို့ အားတွန်းထုတ်ကာ လုပ်စရာရှိသည်များ
လုပ်နေလိုက်သည်....
ရယ်ကျဲကျဲဖြင့်လုပ်နေသည့် တစ်ယောက်သော
သူကို လစ်လျှူရှုရင်း.....

ညနေစောင်းတော့မှာမို့ ရေကစားပီးအေးလာကြ
တော့ ကော်ဖီပူပူလေးသောက်ချကြတယ်ထင်ပါရဲ့
ပါဆယ်လာဆွဲသော Customer တွေကတန်းစီ
စောင့်နေသည်မို့ သူ့အားဂရုမစိုက်အားတော့ဘဲ
အလုပ်မြန်မြန်တွင်ကျယ်ဖို့ အရေး စိတ်နှစ်လိုက်
ရသည်.....

၆ နာရီလဲထိုးနေပီ.... ဝယ်သူတွေကလာတုန်း
ပေမဲ့  ကလေးတွေနားချင်နေကြတော့မှာမို့
ဆိုင်ပိတ်လိုက်သည်.... အခုထိ မဏ္ဍပ်ကလူစည်
ကာ အဆိုတော်တွေကလဲ သီချင်းဆိုတုန်းမို့ ...
ဆိုင်သိမ်းနေသော ကလေးတွေနားသွားကာ..

" ထာခဲ့လိုက်ကြတော့... အကိုပဲသိမ်းလိုက်မယ်
သွားရေသွားဆော့ကြချည်......
အရမ်းလဲမကဲကြနဲ့နော်..... အသောက်အစား
မပါနဲ့ဦး..... အော် ဒီမှာ ညီတို့မုန့်ဝယ်စားလို့ရ
အောင်.... "
ဆိုကာ ငွေ  တစ်သိန်းထုတ်ပေးလိုက်သည်....

မင်းဖြစ်နေလို့ ( complete)Donde viven las historias. Descúbrelo ahora