1⃣

22.9K 1.1K 24
                                    

Unicode

" Kyung Soo ရေ ဟိုကောင်လေး ရောက်နေပြန်ပြီ ထွက်ကြည့်လိုက်ဦး "

ဆိုင်ထဲဝင်လာတဲ့ Junmyeon အပြောကြောင့်
ရှိသမျှ အားတွေတောင်ဆုတ်ယုတ်သွားသလို။

ဒီနေ့လည်း စိတ်ရှုပ်ရပြန်ဦးမယ်။
ဘယ် ဘဝက ဝဋ်ကျွေးတွေများ ဆပ်နေရသလဲ Do Kyung Soo ရယ်။

စိတ်ပျက်လက်ပျက်ပုံဖြစ်နေတဲ့ Kyung Soo ကို Jun Myeon ခိုးရီလိုက်သည်။

" မြန်မြန်ထွက်သွားကြည့်ဦး မင်းကောင်လေးက စိတ်ရှည်တာမဟုတ်ဘူး တော်ကြာ ....."

" ဘာမင်းကောင်လေးမှ မဟုတ်ဘူး!
မင်းကပါ အက်လိုမလုပ်ပါနဲ့ကွာ.... "

" ဟားဟား....အေးပါကွာ ဟော...Kyung Soo ရေ မင်းတော့သွားပြီ "

Junmyeon ပြောနေတုန်းရှိသေးတယ် ဆိုင်ထဲဝင်လာတဲ့ ကောင်လေးကြောင့် Kyung Soo ကို သတိပေးလိုက်ပေမယ့်လဲ နောက်ကျသွားပြီ။

ဘာဆက်ဖြစ်မလဲ ဆက်သာကြည့်ကြပါတော့။

" Honey! "

" ပြွတ်စ်! "

အသံနှစ်ခုက ရှေ့ဆင့်နောက်ဆင့်ထွက်လာတာဖြစ်ပြီး Junmyeon လဲ ထိုနေရာကနေ တိတ်တိတ်လေး လစ်ထွက်ခဲ့လိုက်သည်။.

" မင်း! မင်း! "

" ဘာ မင်း လဲ ဘေဘီလို့ ခေါ်ဖို့ Honey ကိုပြောထားတယ်လေ ! "

" ဘယ်လိုလုပ်လိုက်တာလဲ ! ဟမ်! လူတွေရှိနေတယ်လေ! ငါမကြိုက်ဘူးလို့ဘယ်နှစ်ခါပြောရမလဲ! "

Kyung Soo မှာသာ ဒေါသတွေအလိပ်လိုက်ထွက်နေပေမယ့် ရှေ့က ကိုယ်တော်ချောကတော့ပြုံးစိစိနဲ့။

အက်ပြုံးစိစိ မျက်ခွက်ကို ရိုက်ပစ်ချင်လိုက်တာ။

" ကျနော် ဘယ်တုန်းက လူတွေကိုဂရုစိုက်ဖူးလို့လဲ
ကျနော် ဂရုစိုက်တာ Honey တစ်ယောက်တည်းပဲ အခုလည်း Honey ကလွဲပီးဘယ်သူ့မှမမြင်ဘူး!
Honey ဒီနေ့ အရမ်းချစ်ဖို့ကောင်းတယ် "

" တော်...တော်စမ်း! "

" အားးအီးးးဂူးး Honey ပါးလေးတွေနီရဲနေပြီ
ကျနော် နမ်းချင်တယ် ပြွတ်စ်! "

" Ya!!!!!!!!! "

အပြောကိုအလုပ်နဲ့သက်သေပြတတ်သူကြီးက မဆိုင်းမငင့် ချက်ချင်းကိုလုပ်ပြသွားတယ်။

♡ ♡ Honey♡ ♡ Wo Geschichten leben. Entdecke jetzt