2⃣

10.1K 966 32
                                    

Unicode

" Kyung Soo ရေ ဒီနေ့ အမှိုက်ပစ်ဖို့မင်းအလှည့်နော် "

ကောင်တာပေါ်ကနေ ထိုင်ရင်းလှမ်းအော်တဲ့ Junmyeon စကားကြောင့် ခေါင်းငြိမ့်ပြပြီး  အမှိုက်ထုတ်ကိုဆွဲကိုင်ရင်း ထွက်လာခဲ့လိုက်သည်။

Kyung Soo နဲ့ Junmyeon က ကျောင်းပြီးတည်းက နှစ်ယောက်အတူ Cafe ဆိုင်လေးဖွင့်ထားခြင်းပေ။ နှစ်ယောက်သား တစ်အိမ်တည်းအတူနေကြပြီး အတူတူစီးပွားရေးလုပ်တဲ့ သူငယ်ချင်းနှစ်ယောက် ။

အမှိုက်ပစ်ပြီး အပြန်လမ်းကြားထဲကနေ လူရိပ်တွေမြင်လိုက်ရတာကြောင့် စပ်စုတတ်တဲ့အကျင့် အတိုင်း ခဏလောက်ရပ်ကြည့်နေလိုက်တယ်။

ကြည့်ရတာ ကျောင်းသားတွေဖြစ်မယ်ထင်တယ်

အယ်....ကျောင်းသား သုံးယောက်လောက်က အလယ်ကကျောင်းသားကိုဝိုင်းပြီးဘာပြောနေကြလဲမသိ။

မဟုတ်မှလွဲရော....ဒီကလေးတွေ အချင်းချင်းအနိုင်ကျင့်နေကြတာများလား...

အခုခေတ်ကလေးတွေများမလွယ်ပါဘူး
အလကားနေရင်း....တစ်ယောက်နဲ့တစ်ယောက်ပြသနာလိုက်ရှာပြီး နိုင့်ထက်စီးနင်းလုပ်နေကြတာများ

မနေနိုင်တဲ့ Kyung Soo ကပဲ လူကြီးပီပီဝင်ပြောပြီး ဆုံးမသင့်တာဆုံးမရမှာပေါ့

" ကလေးတွေ ဘာလုပ်နေကြတာလဲ အက်ဒါ "

ဘောင်းဘီအိပ်ကပ်ထဲကိုလက်ထည့်ပြီး ဆရာကြီးစတိုင်လျှောက်သွားတဲ့ Kyung Soo ကိုမြင်တော့အကုန်လုံးလှည့်ကြည့်လာတယ်...

Kyung Soo လဲ အနိုင်ကျင့်ခံရတယ်ထင်တဲ့ အလယ်ကကောင်လေးရှေ့ကိုဝင်ရပ်လိုက်ပြီး ရှေ့က သုံးယောက်ကိုကြည့် လိုက်တယ်။ အယ်....ရှေ့က ကောင်လေးသုံးယောက်မျက်နှာမှာ ဒဏ်ရာတွေနဲ့ပါလား......
သူတပြန်ကိုယ်တပြန် ချထားတာနေမှာပေါ့....

" ဒီမှာ...မင်းတို့ဒီကကျောင်းသားကိုတစ်ယောက်တည်းဆိုပြီး အနိုင်ကျင့်ဖို့မစဉ်းစား နဲ့ အကုန်လုံးကိုရဲစခန်းပို့ပစ်လိုက်မယ် ဘယ့်နှယ့် ကျောင်းသားတွေက ကျောင်းသားလို မနေဘူး ပညာသင်ရမယ့်အချိန်မှာ ရန်ဖြစ်မယ်ထိုးမယ်နှက်မယ်နဲ့ သွားသွား! နောက်တခါမင်းတို့ကို ထပ်မမြင်ချင်ဘူး လိမ်လိမ်မာမာ နေကြ ကြားလား!  "

♡ ♡ Honey♡ ♡ Место, где живут истории. Откройте их для себя