2⃣4⃣

6.5K 848 52
                                    

Unicode

ရုပ်ရှင်ရုံထဲကသာ ထွက်လာရတယ် ရုပ်ရှင်က ဘာဖြစ်သွားမှန်းတောင်မသိလိုက်။

အယ်....
Do Kyung Soo လေးကတော့ ပေါက်ပေါက်ဘူးလေးပိုက်ပြီး မျက်ရည်လေးစမ်းတမ်းစမ်းတမ်းနဲ့။

ဘေးက Kim Jongin ကတော့ Do Kyung Soo လေးကိုကြည့်ရင်း ပြုံးစိစိ။

" Honey ....အသည်း "

မျက်နှာလေးမဲ့ပြီး လှည့်ကြည့်လာပါတယ် ..
နှုတ်ခမ်းပိစိက တစ်တောင်လောက်ဆူလို့

" ဟင့်! "

" ရှက်နေတာလား ....ဘယ်သူမှမမြင်ဘူးလေ Honey ရဲ့ "

" ဟိုလူကြီးက ကြည့်နေတာ မြင်လိုက်ပါတယ်ဆိုနေမှ!! "

ရုပ်ရှင်ရုံထဲမှာ သူတို့နှစ်ယောက်နမ်းတာကို လူတစ်ယောက်ကတွေ့သွားပါတယ်ဆိုပြီး ရှက်လို့တဲ့လေ။

အလကား...
အရင်ကဖြင့် နေရာမရွေးနမ်းခဲ့ကြပြီးတော့ အခုအမှောင်ထဲမှာနမ်းမိတာလေးကို လာရှက်ပြနေတာ

ဟက်....
ချစ်စရာကောင်းတဲ့ Honey လေး

" မြင်လည်းဘာဖြစ်လည်း...ကိုယ့်ချစ်သူကို နမ်းတာပဲ ရှက်စရာလား "

" မသိဘူးဟာ...ငါရှက်တယ် ဒါကြောင့် အနားမကပ်နဲ့ "

" ပြီးရောလေ "

ဒိုင်းကနဲ လှည့်ကြည့်လာတဲ့ မျက်စောင်းကြောင့် လူက တွန့်ခနဲ။

တစ်ခါလာလည်း လူကို အနားမကပ်ခိုင်းတဲ့ Honey ကို နည်းနည်းတော့ပေါက်လာပြီ ။

မှတ်လောက်သားလောက်အောင် မသိချင်ယောင်ဆောင်နေဦးမှပါ Honey လူဆိုးလေးကို ။

တစ်ခါလောက်တော့ ပစ်ထားကြည့်ဦးမယ်

" ဘာ ပြော လိုက် တယ် "

" ပြီးရောလေ လို့ ပြောတာလေ အနားမကပ်နဲ့ဆို "

" မင်း...မင်း ကပ်ရဲကပ်လာကြည့် သေမယ်! "

မျက်လုံးကြီးပြူးပြကာ ခြိမ်းခြောက်နေပုံက ခုန်ဆွခုန်ဆွလုပ်ပြီး။ အသည်းယားလွန်းလို့ ဆြဲပွေ့ပြီး ဖျစ်ညှစ်ပစ်လိုက်ချင်သည်။

စိတ်ထိန်း Kim Jongin ...
Honey ကို နောက်အနားမကပ်နဲ့ မပြောရဲအောင် ပညာပြရမယ်လေ။

♡ ♡ Honey♡ ♡ Tempat cerita menjadi hidup. Temukan sekarang