1⃣1⃣

8.7K 859 139
                                    

Unicode

" Yaa!! ဝေးဝေးကလျှောက်စမ်း "

" ဘယ်လိုဖြစ်ပြီး ကပ်လိုက်နေတာလဲ !! "

" သုံးပေခွာပြီးလျှောက် ! "

" ကပ်လာလို့ကတော့ ဒီမွာတွေ့လား ထီး! သေသွားမယ် "

တစ်လမ်းလုံး သူ့အသံကြောင့် လူတွေကလည်းကွက်ကြည့်ကွက်ကြည့်လုပ်နေကြပြီ

ဒါပေမယ့်လည်း ဂရုမစ်ိုက်ပါ

" Honey ကလည်း..... "

" ဘာမွ Honey က မလဲဘူး ကပ်မလာနဲ့နော် ငါရိုက်မွာ "

လက်ထဲက ထီးကို ဝေ့ရမ်းလိုက်လေတော့ အသာရှောင်တိမ်းနေပြန်တဲ့ Kim Jongin

Kyung Soo ရဲ့ အသစ်စက်စက် ချစ်သူ

Kim Jongin ရဲ့ကားက ဟိုကလေးမကိုလိုက်ပို့ပေးဖို့ဆိုပြီး သူ့သူငယ်ချင်းတစ်ယောက်ကယူသွားလို့ လမ်းလျှောက်ပြန်လာခဲ့ကြတာ

Kim Jongin က Taxi စီးမယ်ပြောသော်လည်း
က်နော်ကတော့မစီးချင်ပါ

ကြုံတုန်းကြုံခိုက် လမ်းလျှောက်ချင်သောကြောင့်

ဒါပေမယ့်လည်း လမ်းလျှောက်ချင်သော က်နော့်အကြံသည် လုံးဝကိုမှားယွင်းခဲ့ပါသည်။

ကျောင်းထဲကထွက်လာပြီးထဲက ဘေးကနေ မျိုးစုံ လူကို ကလိလာတာ

ပါးတွေကိုတမွမွနမ်းလိုက်

ချစ်တယ်ပြောပြီး နှုတ်ခမ်းတွေကိုလာလာနမ်းလိုက်

အနောက်ကနေသိုင်းဖက်ရင်း ဟိုဘက်ဒီဘက်ကရမ်းလိုက်သေး

လူကို အရုပ်ကျလို့ လုပ်နေတာ သောက်ရူးကောင်က

ပြီးတော့ အက်ဒါကလည်း လူတွေရှုပ်ယှက်ခတ်သြားလာနေတဲ့လမ်းမပေါ်မှာ

အရိပ်အခြေပြပြီး တားလည်းမရ
ဗိုက်ခေါက်လိမ်ဆွဲပြန်တော့လည်း ခဏသာငြိမ်သွားပြီး ပြီးတော့လည်းထိုနည်း၎

သူတော့မသိ Kyung Soo ကတော့ရှက်သည်။
လူတွေက ကွက်ကြည့်ကွက်ကြည့်လုပ်သွားကြတာ

တချို့ဆိုပြုံးစိစိနဲ့ ဓာတ်ပုံရိုက်သွားတဲ့သူကလည်းရိုက်နဲ့

♡ ♡ Honey♡ ♡ Tempat cerita menjadi hidup. Temukan sekarang