2⃣2⃣

6.9K 792 117
                                    

Unicode
Do Kyung Soo တစ်ယောက် မနက်မိုးလင်းပြီဆိုကတည်းက မှန်ရှေ့ရပ်နေတာ အခုချိန်ထိ

အဝတ်အစားတွေလည်းထုတ်ထားတာ တစ်ခန်းလုံးကိုပြန့်ကျဲလို့ ...အဝတ်ပုံအလယ်မွာ သူ့ကိုယ်သူပျောက်နေမှန်းတောင်မသိရှာဘူး

အဝတ်ပုံထဲခေါင်းစိုက်ပြီး တစ်ထည်ပြီးတစ်ထည်ထုတ်လိုက် မှန်ရှေ့ပြေးကပ်ကြည့်လိုက်နဲ့ မနက်၆နာရီတည်းကဆိုပါတော့

" ဒါကြီးက အရမ်းကလေးဆန်သွားပြီ "

" ဒါကြီးက လူကြီးပုံအရမ်းပေါက်သွားပြီ အက်က် Kim Jongin နဲ့ ယှဉ်ရင် ငါအရမ်း ကြည့်ကောင်းသွားမယ် မဖြစ်ဘူးမဖြစ်ဘူး "

လက်ထဲကအကျီၤလေးကို လေပေါ်ဝဲ လိုက်ပြီး နောက်တစ်ထည်ထပ်ရှာလိုက်သည်။

အပုံကြီးထဲကို ခေါင်းစိုက်ပြီး မကြိုက်တာတွေ လေပေါ် ပြန်ဝဲရင်း နောက်ဆုံးတော့ သူ့အကြိုက်လေးတွေ့ခဲ့ပြီ

အနက်ရောင်ပြောင် T-Shirt လေး
သူ့ရဲ့ အ ကြိ ုက်ဆုံး ဖေးဖရိတ်

Black Shirt လေးကိုမှ အောက်က Black Jean နဲ့ဆို Do Kyung Soo လေး တအားကိုကြည့်ကောင်းသြားမွာအသေအချာ

အိုကေ ...ဒါဆို ဒါလေး Confirmပြီ

ဟင်...

ငါ့အခန်းကို ဘယ်တုန်းက လေဆင်နှာမောင်း ဝင်သွားပါလိမ့်~

မသိဘူးကြာ...ဒါတွေပြန်လာမှလုပ်မယ်

Kim Jongin ရောက်တော့မှာ အခုချိန်လုပ်ရင်ဘယ်လိုလုပ်မွီတော့မလည်း...

တကယ်တော့ သူတို့နှစ်ယောက် ဒီနေ့ ဒိတ်ကြဖို့စီစဉ်ထားကြတာ

၈ ခြဲ လာခေါ်မယ်ပြောထားတဲ့ Kim Jongin
အခုတင် ၈နာရီနဲ့ ၂၅ မိနစ် ဖြစ်နေပြီ

လက်ထဲက Black Oneset လေးကိုအမြန်ကောက်စွပ်ပြီး ညက Junmyeon အခန်းထဲကသြားခိုးထားတဲ့ ရေမွှေးပုလင်းကို တစ်ပုလင်းလုံး လောင်းချမတတ်ကိုဆွတ်လိုက်သည်။

ပြီးတော့ Junmyeon လိမ်းတဲ့ ဘူးလေးကိုပါအဆစ်ယူလာသေးသည်။ လိုရမယ်ရပေါ့ ။အခုတော့အတော်ပဲ ဟိဟိ

ဘူးလေးထဲက အဖြူရောင် Cream လေးတွေက မွှေးမွှေးလေးတွေ ။ လက်ငါးချောင်းလုံးနဲ့နှိုက်လိုက်ပြီး မျက်နှာတွေရော လည်ပင်းတွေရော လိုက်ပွတ်ပစ်လိုက်သည်။

♡ ♡ Honey♡ ♡ Donde viven las historias. Descúbrelo ahora