2⃣3⃣

6.7K 821 83
                                    

Unicode

အနည်းငယ် WARNINGလေးပါပါမယ်နော် (^_^)






လွန်ပြီ လွန်တာမွတော်တော့်ကိုလွန်နေပြီ။

ရုပ်ရှင်စပြတည်းက သူ့မှာအငြိမ်နေပြီး တစက်မွ ကောင်းကောင်းမကြည့်ရ ။

ဘေးကနေ Kim Jongin က သူ့ရင်ခွင်ထဲအတင်းဆွဲထည့်ထားပြီး ကလိခံနေရတယ်။

လက်မှတ်ဝယ်တုန်းက အတွဲခုံဝယ်လိုက်တဲ့ Kim Jongin ကြောင့် သူတို့ဖြစ်နေတာတွေ တစ်ယောက်မွ သတိမထားမိလို့တော်သေးသည်။

ပြီးတော့ ချောင်အကျဆုံး ထောင့်နေရာ ဆိုတော့ Kyung Soo ကို ထောင့်အစွန်းမှာထားပြီး သူက အုပ်မိုးထားတာ။

" Yarrr ငါကောင်းကောင်းကြည့်ပါရစေဦး"

ဗိုက်ကို တံတောင်နဲ့တွတ်ပြီး ပြောလိုက်တော့ တချက်တွန့်သွားပြီးမှ ထပ်ပြီး အတင်းကိုဖက်လာတော့တယ်။

ဒီကောင် ဘာဖြစ်နေတာလည်းဟ

" နောက် အခွေထွက်မှကြည့် အခုတော့ငြိမ်ငြိမ်နေ "

" Yarr အွတ်* "

ခေါင်းမော့ပြီး သူ့မျက်နှာကိုကြည့်ရန် ပြောဆိုမယ့်စကားတွေ ချက်ချင်းဆိုသလို အပိတ်ခံလိုက်ရသည်။

နှုတ်ခမ်း တစ်ခုလုံးကို အတင်းဆွဲစုပ်နမ်းနေတာ အငမ်းမရ
ကိုယ့်မွာတော့ သူ့ရင်ဘတ်က အကျီၤစလေးကို ခပ်တင်းတင်းကိုင်ရင်း ခေါင်းလေးမော့လို့။

နမ်းနေရင်း တချက်တချက် Kyung Soo နှုတ်ခမ်းတွေကို လျှာနဲ့လည်းလျက်နေသေးသည်။ ရင်ထဲက ယားကျိကျိပဲဖြစ်လာပြီး တစ်ခုခု ဖြစ်လာသလို။

၁၀မိနစ်လောက် အငမ်းမရ အနမ်းခံလိုက်ရတော့ အသက်ရှူတွေကျပ်လာပြီး မခံနိုင်တော့။
သူ့ရင်ဘတ်ကို ရှိသမျှ အားလေးနဲ့အတင်းတွန်းတော့မှ အငမ်းမရ စုပ်နမ်းနေရာမှ ခပ်ဖြေးဖြေးလေး ငုံထားရင်း အရှိန်လျှော့လာသည်။

နောက်ဆုံးတစ်ချက် အောက်နှုတ်ခမ်းလေးကို ဆွဲကိုက်ခံလိုက်ရချိန် တစ်ကိုယ်လုံးရှိန်းခနဲ ။

" မော သြား ပြီ လား Honey "

မကှူလိုက်ရတဲ့လေကို အသည်းအသန်ပြန်ရှူနေတဲ့ Kyung Soo မျက်နှာလေးကို ပင့်ကိုင်ရင်း မေးလာတဲ့ Kim Jongin မျက်လုံးတွေက အမှောင်ခန်းထဲမွာတောင် ရီဝေဝေ ။

♡ ♡ Honey♡ ♡ Dove le storie prendono vita. Scoprilo ora