2⃣5⃣

6.4K 723 93
                                    

Unicode
" Kyung Soo yahh "

" ပြောလေကွာ "

ဒီနေ့က ထူးထူးခြားခြားကျောင်းပိတ်ရက်မို့ Kyung Soo ဆိုင်ကို Junmyeon နဲ့အတူ ထိုင်ဖြစ်သည်။

ဆိုင်ဖွင့်ပြီးတည်း က တစ်ချိန်လုံး နောက်ကနေ Kyung Soo ya Kyung Soo ya နဲ့ လိုက်ခေါ်နေတာ။

" ဒီနေ့ ဆိုင်ကလူရှင်းတယ်နော်.. "

" အက်တော့ "

ဂရုမစိုက်သလိုပုံစံနဲ့ ပြန်ပြောလိုက်တော့ ဆူပုတ်သြားတဲ့ Junmyeon မျက်နှာကို မျက်စိထောင့်မွ မြင်လိုက်ရသည်။

ဟုတ်တယ်လေ
ပြောစရာရှိတာကိုမပြောပဲ သပ်သပ် စကားခံနေတာ....

" Do Kyung Soo !! "

" ပြော..ပြော.. ဘာပြောချင်နေတာလည်း မင်းက "

" အဟီး..ဒီလိုကြာ "

စပ်ဖြီးဖြီးလုပ်ပြီး အနားကပ်လာပြန်သည်။

ဘာမဟုတ်တာတွေ ကြံစည်နေတာလည်းမသိ။

" ငါတို့ ဒီနေ့ ဆိုင်စောစောပိတ်ပြီး အိမ်ပြန်နားရအောင်လေ "

" အင်း နားလေ မင်းသဘောပေါ့... "

" ပြီးတော့လေ... "

" Junmyeon ငါစိတ်မရှည်တော့ဘူးနော် ဘာဖြစ်ချင်တာလည်းမြန်မြန်ပြော "

" ဆိုဂျူသောက်ကြရအောင်လို့ !!! "

ထင်တယ် ထင်တယ်!!
မဟုတ်တာတွေကြံစည်နေတာ ဒီကောင်ကတော့

" မရဘူး ဟေ့ကောင် မသောက်ရဘူး ကိုယ့်အကြောင်းကိုယ်သိ "

" မင်းကလည်း တစ်ခွက်နှစ်ခွက်ပဲလေ Arnyiii သုံးလေးငါးခွက်လောက်ပဲလေကွာ နော်...နော် "

" တော်...တော်... မင်းတစ်ခွက်နှစ်ခွက်ကိုငါကြောက်လို့ပါ...ပြီးရင် ဝူးဝူးဝါးဝါးတွေအော်ပြီး သောင်းကျန်းမယ့် ဒဏ်မခံနိုင်ဘူး အေးဆေးလေးပဲနေပါ Kim Junmyeon ရယ် "

Kim Junmyeon က အပြင်ပန်း အခုလိုလေးကြည့်ရင် တည်တည်ငြိမ်ငြိမ်နဲ့ ချစ်စရာကောင်းသလောက် ဆိုဂျူဝင်ရင် တအားသွေးဆိုးတတ်သည်။

သွေးဆိုးတယ်ဆိုလို့ အျခားတော့မဟုတ်
ဝူးဝူးဝါးဝါးတွေအော် သီချင်းတွေအော်ဆိုတတ်တာ ဘယ်လိုမှထိန်းမရ ။ နောက်ဆုံးတစ်ခေါက် ဆိုဂျူသောက်တုန်းကတောင် သောင်းကျန်းတာ ဘေးအိမ်တွေမခံနိုင်လို့ ရပ်ကွက်ရုံးအတိုင်ခံလိုက်ရပြီး ခံဝန်လက်မှတ်ထိုးလိုက်ရတာ မှတ်မှတ်ရရ။

♡ ♡ Honey♡ ♡ Where stories live. Discover now