3⃣

9.3K 935 21
                                    

Unicode

ဒီနေ့ ဆိုင်ပိတ်ရက်ဖြစ်တာကြောင့်
Kyung Soo နဲ့ Junmyeon နှစ်ယောက်လုံး အိမ်မှာပဲနေဖြစ်ကြတယ်

ဒီနေ့တော့ တစ်ပတ်မှာတစ်ခါနားရတဲ့အားလပ်ရက်ကိုနှစ်ယောက်လုံး အိမ်မှာအေးဆေးနေရင်း အသုံးချဖြစ်တယ်

ကိုယ်ပိုင်စီးပွားရေးလုပ်နေကြတာဖြစ်ပေမယ့် ပေါ့ပေါ့ပျက်ပျက်မလုပ်ဘဲ သေချာစီစဉ်ပြီးလုပ်ကြတာဖြစ်လို့ Kyung Soo တို့ဆိုင်လေးဟာလည်း အတော်အတန်ကိုပြေလည်တယ်ပြောရမယ်

နိုးလာတော့ အရင်ဆုံးကြည့်မိတာက ဖုန်း။

ဘာMessage Noti မှမဝင်ထားတဲ့ဖုန်းလေးကြောင့်ပြုံးလိုက်မိသေးတယ်။

ဟိုအရူးကောင်ဖုန်းမဆက်သေးဘူးလေ
ဖုန်းမဆက်တော့နားအေးတာပေါ့။

လေလေးတချွန်ချွန်နဲ့ ရေချိုးခန်းထဲဝင်စဉ်မှာပဲ
ကျယ်လောင်စွာမြည်လာတဲ့ ဖုန်းကြောင့်လန့်တောင်လန့်သွားတယ်။

မဝင်တော့ဘဲ စားပွဲပေါ်ကတင်ထားတဲ့ဖုန်းကိုကောက်ကိုင်လိုက်တာ ခုနကအပျော်တွေတောင်အကုန်ပျောက်။

အသက်ရှည်ပါဦးမယ် Kim Jongin ရယ်။

" ပြော! "

" Honey အသံလေးကြားမှ ရင်ထဲနေလို့ကောင်းသွားတယ် "

" ဟေ့ကောင် လိုရင်းပြော ! "

" အက်လိုတွေမပြောစမ်းနဲ့ Honey! နေ့လည်လာခဲ့မယ် ဘာစားချင်လဲပြော! ကျနော်ဝယ်ခဲ့ပေးမယ်"

အစကတော့မလာနဲ့လို့ ပြောမလို့ပဲ
ဘာစားချင်လဲဆိုတဲ့ အမေးအောက်မှာမပြောဖြစ်တော့

အက်လိုတွေအလိုက်တသိရှိတာကလည်း တမျိုးတော့ချစ်ဖို့ကောင်းသား

" Pizza နဲ့ Cola ဝယ်ခဲ့ပေး ! "

" အိုကေ! ဒါဆို ဖုန်းချတော့မယ် ချစ်တယ် Honey!"

Ashiiiii
ဒီကောင်လေးတော့
ချီးကျူးလို့မှမဆုံးသေး လူကိုရင်တုန်အောင်လုပ်သွားပြန်ပြီ

ဖုန်းချ စားပွဲပေါ်ပြန်ချလိုက်ပြီး ရေချိုးခန်းထဲဝင်ကာ ရေချိုးလိုက်သည်။

♡ ♡ HONEY♡ ♡

"နိုးပြီလား ...."

Junmyeon က ကြိုပြီးတောင် ထမင်းစားခန်းထဲရောက်လို့ မနက်စာပြင်နေပြီ။

♡ ♡ Honey♡ ♡ Unde poveștirile trăiesc. Descoperă acum