1⃣3⃣

8.6K 855 130
                                    

Unicode

ဒီနေ့က ကျောင်းပိတ်ရက်ဖြစ်တော့ Kyung Soo တစ်ယောက် အိပ်ရာထဲ မွာကောင်းကောင်းကြီးကိုနှပ်နေသည်။

နှပ်နေတယ်ဆိုတာ လူကနိုးနေတာကြာပြီ မထချင်သေးလို့ အိပ်ရာထဲမွာပေတေပြီးလှိမ့်နေတာ

*ဘုန်း*

" အားးး "

ခုတင်ပေါ်က ဘုန်းခနဲပြုတ်က်တာ အီစလံကိုဝေသွားတာပါပဲ...

" Kyung Soo ရေ မနက်စာလာစားတော့ "

အပြင်က Junmyeon အော်သံကြောင့် နာသြားတဲ့ခါးလေးကိုဖိကာ အပြင်ထွက်ခဲ့လိုက်သည်။

" Morning Honey ပြွတ်စ်! "

တံခါးဖွင့်ဖွင့်ချင်း လူတစ်ကိုယ်လုံး သိမ်းကျုံး အဖက်ခံလိုက်ရပြီး နှုတ်ခမ်းတစ်ခုလုံးလည်း ဆွဲစုပ်ခံလိုက်ရသည်။

နာနေတဲ့ အရှိန်တွေတောင်ဘယ်ရောက်ကုန်မှန်းမသိ။

မော့ကြည့်လိုက်လေတော့ သူ့ကိုပြုံးကြည့်နေတဲ့ Kim Jongin

အိပ်ချင်မူးတူးမို့လားမသိ အယောင်ယောင်အမှားမှားနဲ့ သူ့မျက်နှာကိုပဲလိုက်ကြည့်နေမိတော့တာပဲ။

ပြီးတော့ ရယ်လိုက်တယ် ...
မဟုတ်ဘူး...
အရှေ့က Kim Jongin က ပြုံးလိုက်တာ...

အိစ်!!!
ချောလွန်းလို့ သေတော့မှာပဲ...

အရမ်းချောတဲ့ Kim Jongin ကို ချစ်သူတော်ထားရတာ ငါ့ဘဝမွာ ဂုဏ်အယူရဆုံးပဲ...

မရတော့ဘူး သောက်ရမ်းတွေ ဂုဏ်ဆာနေပြီ..

" ဟား ... "

ဒီတစ်ခါတော့ အသံထွက်ပြီးရီနေတဲ့ Kim Jongin ကြောင့် သိပ်တော့ ပုံမှန်မဟုတ်တော့

" ဘာလို့အက်လောက်တောင်ကြည့်နေရတာလဲ Honey ...က်နော်ကိုအရမ်းလွမ်းနေတာပဲလား "

အင်း...လွမ်းတာပေါ့
မနေ့က သူနဲ့တွေ့ပြီး အိမ်ရောက်တာနဲ့ မုန့်စား TV ကြည့် အိပ်ရာထဲရောက်တော့အိပ်မပျော်ခင်လေး လွမ်းနေတာ...

" လွမ်းတာလည်းလွမ်းပေါ့ အခုတော့ မျက်နှာအရင်သွားသစ်လိုက်ဦး မျက်ချေးတွေနဲ့ သွားရည်စီးကြောင်းတွေနဲ့ Jongin ရာ မင်းမို့မရွံမရှာ အက်မျက်နှာကို သွားကြည့်နေသေးတယ် "

♡ ♡ Honey♡ ♡ Where stories live. Discover now