Part-1

3.3K 265 37
                                    

ရှေးဆန်​ပြီး မျိုးရိုးဂုဏ်​ကြီးမားလှ​သော နန်းတွင်းမျိုးနွယ်​မှ ဆင်းသက်​လာသူ​တွေပီပီ ဂင်​စံအိမ်​​တော်​ သခင်​မကြီး၏ မျက်​နှာသည်​ မာန်​မာနတရားတို့ ခို​အောင်း​နေလျက်​ .. အရှိန်​အဝါတစ်​ခုက အမြဲသူမနှင့်​ ဒွန်​တွဲ​နေသလို စံအိမ်​​တော်​ရှိ လူအားလုံးက ဖိန့်​ဖိန့်​တုန်​​အောင်​ ​ကြောက်​ကြရ၏။

"ဒီက​လေးက.."

Oh Semin ​ခေါ်လာသည့်​ ငါးနှစ်​အရွယ်​က​လေးငယ်​ကို သခင်​မကြီး စူးစမ်း​နေသလို က​လေးငယ်​ဟာ သခင်​မကြီးကို ​ကြောက်​၍ပဲလား အဘိုးဖြစ်​သူ၏ ​နောက်​သို့ ပုန်းကွယ်​လိုက်​သည်​။

Oh Semin ဆိုတာ ဂင်​အိမ်​​တော်​ကြီးစတင်​သည့်​အချိ​န်​ထဲက ဒီအချိန်​အထိ နှစ်​ဆယ့်​ငါးနှစ်​လုံးလုံး ခြံ​စောင့်​အလုပ်​ကို သစ္စာရှိရှိ လုပ်​ကိုင်​လာသူ။

"ကျွန်​​တော့်​ သားနှင့်​​ချွေးမက ခရီးထွက်​ရင်း သ​ဘောင်္နစ်​တဲ့ထဲပါပြီး ဆုံးသွားလို့ သူတို့ရဲ့ သား​လေးကို ကျွန်​​တော်​နှင့်အတူတူ​နေဖို့ ​ခေါ်လာတာပါ သခင်​မကြီး..အဲဒါ သခင်​မကြီးဆီက ခွင့်ပြုချက်​လာ​တောင်းတာပါ"

အလုပ်​သမားတန်းလျားတွင်​ ​နေထိုင်​ရသူ​တွေမလို့ စံအိမ်​​တော်ပိုင်​ရှင်​၏ ခွင့်​ပြုချက်​မရလျှင်​ မိမိ​သွေးရင်း​တွေ ဖြစ်​​နေပါ​စေ ဂင်​ရိပ်​မြုံကို ​ခေါ်သွင်းဖို့ရန်​ပင်​ မလွယ်​ကူ။

"ဘယ်​တတ်​နိုင်​မလဲ က​လေးကလည်း ခိုကိုးရာမဲ့ဆို​တော့ ခွင့်ပြု​ပေးရမှာ​ပေါ့..ဒါ​ပေမဲ့ စံအိမ်​ရဲ့​လောင်းရိပ်​မှာ​နေရင်​ ဒီအိမ်​​တော်​က ချမှတ်​ထားတဲ့ စည်းကမ်း​တွေနဲ့အညီ လိုက်​နာဖို့​တော့ က​လေးကို သွန်​သင်​​ပေးထားပါ"

"​ကျေးဇူးကြီးမားလှပါတယ်​ သခင်​မကြီး..ကျွန်​​တော်​ တစ်​ကယ်​​ကျေးဇူးတင်​တာပါ...အလုပ်​ကို တာဝန်​​ကျေပြီး စံအိမ်​​တော်​နှင့်​သခင်​မကြီးအ​ပေါ် ​​ကျေးဇူးသိတတ်​ပါ့မယ်​"

ထိုင်​ရှိခိုးမတတ်​ အရိုအ​သေ​ပေးရင်း က​လေးငယ်​ လက်​ကိုဆွဲကာ ပြန်​သွားသည့်​ Oh Seminကို သခင်​မကြီး Kim HaeSu ကြည့်​လိုက်​ရင်း သက်​ပြင်းချကာ...

ParadiseWhere stories live. Discover now