Under the Mistletoe - 3

1.6K 182 51
                                    

ကျောင်းစဖွင့်​ပြီး တစ်​ပါတ်​အကြာတွင်​.....

*ဆရာ ကျွန်​​တော်​တို့ကိုဝင်​ခွင့်​ပြုပါ*
ဆရာစာသင်​​နေစဉ်​ အခန်းဝမှခွင့်​​တောင်းသံ​ကြောင့်​ ​ဆရာသာမက အခန်းထဲရှိ​ကျောင်းသား​ကျောင်းသူများ၏မျက်​လုံးများသည်​ အခန်းဝသို့​ရောက်​သွားကြသည်​။

*Bubble Tea*
အခန်းဝမှ​ကျောင်းသားကိုမြင်​တာနဲ့ baekhyun ပါးစပ်​မှအလိုလိုထွက်​လာတဲ့အမည်​တစ်​ခု။ Sehunက​တော့ ဆရာခွင့်​ပြုလိုက်​၍အခန်းထဲသို့ဝင်​လာကာ ဆရာ့ကိုဦးညွတ်​၍ စကား​ပြော​နေသည်​။ ဘာ​တွေ​ပြော​နေလဲ​တော့ မကြားရပါ​ချေ။ ဆရာ့ကို တ​လေးတစား​ပြော​နေသည့်​ sehun၏မျက်​နှာတွင်​ တည်​ကြည်​မှုအပြည့်​နှင့်​ အလွန်​ပင်​ခန့်​ညားလွန်းလှသည်​။ Sehunက ဆရာနှင့်​စကား​ပြောပြီး​နောက်​တွင်​​တော့ ​ကျောင်းသားများဘက်​သို့လှည့်​ကာ

*​နောက်​တစ်​ပါတ်​​နေရင်​ ကျောင်းမှာ fresher welcome ကျင်းပဖို့ရှိတယ်​။ ပထမနှစ်​​ကျောင်းသား​ကျောင်းသူ​တွေအတွက်​ ကျင်းပ​ပေးတဲ့ပွဲမို့လို့ မင်းတို့ကိုလဲပါ​ဝင်​​စေချင်​တယ်​။ အဲဒါ​ကြောင့်​ စိတ်​ဝင်​စားတဲ့သူ​တွေက ​ကျောင်းသား​ကောင်​စီကိုစာရင်းလာ​ပေးကြပါ။ ငါက ​ကျောင်းသား​ကောင်​စီရဲ့အဖွဲ့ဝင်​ မင်းတို့ရဲ့စီနီယာ ငါ့နမည်​ Oh Se Hun. သူက​ ဥက္ကဋ္ဌ Xiumin.*

Sehunက သူ့​ဘေးတွင်​ရပ်​​နေသူနှင့်​ပါ တစ်​ပါတည်းမိတ်​ဆက်​​ပေးသည်​။ ထို့​နောက်​​တော့ ဆရာ့အား အရိုအ​သေ​ပေးကာ ထွက်​သွား​တော့သည်​။

*ဟဲ့ စီနီယာSehunက​ချောလိုက်​တာ ​ယောက်ျားပီသလိုက်​တာ လုံးဝငါ့စတိုင်​ပဲ*

*ဟိဟိ ငါက​တော့ ဟို​ပေါက်​စီမျက်​နှာ​လေးနဲ့ စီနီယာပဲ ချစ်​စရာ​လေး*
Sehunနဲ့Xiuminထွက်​သွားပြီး​နောက်​ အခန်းထဲတွင်​မိန်းက​လေးများ၏ စီနီယာနှစ်​​ယောက်​အ​ပေါ် ​ဝေဖန်​သံများဆူညံစွာထွက်​​ပေါ်လာခြင်းဖြစ်​သည်​။

ဘယ်​​လောက်​ဆူညံဆူညံ သည်းခံနိုင်​​ပေမယ့်​ bubble tea အား ငမ်း​နေ​သောအသံများကို baekhyun သည်းမခံနိုင်​ပါ။

Under the mistletoe (Complete)Where stories live. Discover now