Under the Mistletoe - 15

1.6K 203 94
                                    

ပြေးမည်​...
Chanနှင့်​​ဝေးရာကို​ပြေးမည်​...
Chanက မ​တွေ့ချင်​ဘူးတဲ့....
Chanက သူ့​ရှေ့မှာ​ပေါ်မလာနဲ့တဲ့...
Chanက ရွံတယ်​တဲ့...
Chanက သူ့နမည်​ကိုမ​ခေါ်နဲ့တဲ့...
Chanက မုန်းသည်​တဲ့...
Chanက.....
Chanက.....

ပြေး​နေတာ ဘယ်​​နေရာကို​ရောက်​​နေမှန်းမသိ​တော့။ ဖိနပ်​ကလဲဘယ်​နားမှာကျွတ်​ကျန်​ခဲ့လဲမသိ ​ဝတ်​ထားတဲ့​ခြေအိတ်​ဟာ​ပေါက်​ပြဲပီး ​ခြေ​ထောက်​နှစ်​ဖက်​လုံး​သွေး​တွေရဲ​နေသည်​။ ​ပြေး​နေရင်းနဲ့ ဖြူလွှလွှနှင်း​တွေက ​ကောင်းကင်​​ပေါ်မှကျဆင်းလာ​သောအခါ kyungsoo​ပြေး​နေ​သော ​ခြေ​ထောက်​တို့ဟာ အရှိန်​​လျော့သွားသည်​။
ပထမဆုံးနှင်း....ဒီနှစ်​ရဲ့ပထမဆုံးနှင်း.....
Kyungsoo​ဘေးဘီကိုကြည့်​ကာ ​တွေ့ရသည့်​ အပင်​ကြီးကြီး​အောက်​ကို​ပြေးကာ ​စောင့်​​ကြောင့်​ထိုင်​ရင်း ဒူးနှစ်​ဖက်​ကိုပိုက်​ထားလိုက်​သည်​။ မနှစ်​ကပထမဆုံးနှင်းကျတဲ့အချိန်​မှာ Mistletoeပင်​​အောက်​မှာ ကျွန်​​တော်​တို့နမ်းခဲ့ကြတယ်​​လေ chanရယ်​။ ဒီနှစ်​ကျ​တော့... ဒီနှစ်​ကျ​တော့.....

❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤

Kyungsoo​ကျောင်းမတက်​တာ ဒီ​နေ့နဲ့ဆိုနှစ်​ရက်​ရှိပြီ။ ဟိုတ​နေ့က သူစိတ်​ဆိုးပြီး​ပြောလိုက်​တဲ့စကား​တွေ​ကြောင့်​ စိတ်​မ​ကောင်းဖြစ်​သွားပုံရသည်​။ အဲဒီ​နေ့ည​နေပိုင်းမှာ kyungsooအခန်းကိုသွားကြည့်​​တော့ လူမရှိဘဲ ​ကျောပိုးအိတ်​သာ​တွေ့၍ ယူထားလိုက်​သည်​။ သူ​ကျောင်းပြန်​တက်​မှ​ပေးမည်​​ပေါ့။ အခု​တော့ သူ​ကျောင်းမတက်​တာ နှစ်​ရက်​ရှိပြီ တခုခုဖြစ်​​နေလားစိတ်​ပူ​ပေမယ့်​ သူ့လုပ်​ရပ်​ကိုခွင့်​မလွှတ်​နိုင်​​သေး။ အမှန်​ဆို သူyoonကိုလာ​တောင်းပန်​သင့်​တာ​ပေါ့။ အဲဒီ​နေ့က သူ့ကို​ပြောလိုက်​တာ​တွေကလဲ စိတ်​လိုက်​မာန်​ပါလုပ်​လိုက်​ရင်​ သူက​ယောက်ျား​လေးမလို့ မိန်းမတစ်​​ယောက်​ကိုအနိုင်​ကျင့်​တယ်​ဆိုတဲ့ အတင်းအဖျင်း​တွေအ​ပြောခံရမှာစိုးလို့​ပြောလိုက်​ချင်းသာ။ ဒါ​ပေမယ့်​ နဲနဲ​တော့လွန်​သွားသည်​ကို သိပါသည်​။ သူလာ​တောင်းပန်​သည့်​အခါ ကိုယ်​လဲပြန်​​တောင်းပန်​ရမည်​။

Under the mistletoe (Complete)Onde histórias criam vida. Descubra agora