Welcome day!
*မြန်မြန်လုပ် အဆင်သင့်ပဲမလား*
စီနီယာ Lay၏ ဆော်သြသံနှင့်အတူ အကုန်လုံးလှုပ်လှုပ်ရှားရှားဖြစ်ကုန်ကြသည်။ ပထမဆုံးအကြိမ်စင်ပေါ်တက်ရမှာဆိုတော့ စိတ်လှုပ်ရှားမှုကထိန်းမရ။ အဝေးမှာ guitar ကြိုးညှိနေတဲ့စီနီယာကိုကြည့်မိတော့ ဘာမှမဖြစ်သလိုအေးအေးဆေးဆေး။ စီနီယာနှင့်guitarဟာ အလွန်လိုက်ဖက်သည်။ guitarတီးနေချိန်များဆို စီနီယာဟာ နတ်ဘုရားတစ်ပါးအလားကြည့်ကောင်းလွန်းနေတာ။ ဒါလဲကျွန်တော့အမြင်ပါ ဟိုကောင်baekကတော့ သူ့ကိုကိုက ကနေရင်ကြည့်အကောင်းဆုံးပဲတဲ့။*သွားကြမယ်*
Oh sehunကပြောပြီးရှေ့ကနေထွက်သွားတော့ ကျန်တဲ့သူတွေကအနောက်ကနေ တန်းစီပြီးလိုက်သွားကြသည်။*ဖြောင်း ဖြောင်း ဖြောင်း ဖြောင်း*
လက်ခုပ်သံတွေမြိုင်ဆိုင်စွာနဲ့ ကောင်းမွန်တဲ့ရလဒ်ဖြင့်အဆုံးသတ်နိုင်ခဲ့သည်။ စင်အောက်ပြန်ဆင်းလာသော ကျွန်တော်တို့အဖွဲ့ကို ပန်းလာပေးသူများ လက်မှတ်လာထိုးခိုင်းသူများဖြင့် တိုးမပေါက်အောင်ရှိနေတော့သည်။ ထိုလူအုပ်ကိုကျော်၍ စီနီယာအားလှမ်းကြည့်လိုက်မိတော့ သူကပြုံးကာလှမ်းကြည့်နေတာနှင့် ကြုံကာ အကြည့်ချင်းခလုတ်တိုက်မိခိုက် ရင်ခုန်သံတွေမြန်လာခဲ့သည်။ စီနီယာက ပြုံးနေ
ရင် တော်တော်ကြည့်ကောင်းသည်။❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤
*ဟေ့ကောင်တွေ Lee youngကိုတွေ့မိလား*
chanyeol က စင်နောက်တွင်ဖျော်ဖြေဖို့စောင့်နေသော လူတွေကိုလှမ်းမေးလိုက်သည်။ lee youngက သူနှင့်အတူသီချင်းဆိုရမည့် ပါတနာ။ အခုစင်ပေါ်တက်ရတော့
မည်။ အာ့ကောင်လေးအားရှာမရ ဘယ်သွားနေပြန်ပြီလဲမသိဘူး။*ငါစင်ပေါ်တက်နှင့်မယ် သူ့ကိုတွေ့ရင် တွန်းသာတင်ပေးလိုက်တော့*
မတတ်နိုင်သည့်အဆုံး chanyeolကအရင် guitar ကိုင်ကာ စင်ပေါ်သို့တက်သွားပြီး ခုံတွင်ဝင်ထိုင်လိုက်သည်။
VOUS LISEZ
Under the mistletoe (Complete)
Roman d'amourYour lips on my lips, that's a Merry Merry Christmas.