*ကျွတ် ကျွတ် ကျွတ်*
ထိုးကိုက်နေသည့်နားထင်အား လက်ဖြင့်ဖိကာ လှဲနေရာမှ ထထိုင်လိုက်သည်။ ညကဘာတွေဖြစ်ခဲ့တာလဲ။ ရေခွက်နှင့် အရက်ခွက် မှားသောက်မိသည်အထိသာ မှတ်မိတော့သည်။ ကျန်တဲ့သူတွေကိုသတိရပြီး ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်မိတော့ အတုံးအရုံး အိပ်မောကျနေကြတုန်း။ စီနီယာ ကလွဲလို့ပေါ့။ စီနီယာကိုတော့မတွေ့ရတော့ချေ။ ညကအရှိန်နဲ့ ရင်ပူနေတာကြောင့် ရေသောက်ရန် မီးဖိုခန်းသိုလှမ်းဝင်လိုက်တော့ စားပွဲပေါ်မှာ အစီအရီတင်ထားတဲ့ ပျားရည်ခွက်တွေ။ စီနီယာဖျော်သွားပေးတာနေမယ်။ ရင်ထဲတွင်လှိုက်ခနဲ ပျော်သွားကာ ပျားရည်ခွက်လေးလှမ်းယူပြီး ပါးစပ်မှာတေ့လိုက်တော့ နှုတ်ခမ်းထောင့်က စပ်ဖျင်းဖျင်းခံစားလိုက်ရသည်။ ညကဘာများဖြစ်လို့ပါလိမ့်။ ပျားရည်ကုန်အောင်သောက်ပြီးတော့ ကျောင်းသွားရန် အိပ်ပျော်နေသူများအားနှိုးပြီး kyungsooလဲ ရေချိုးရန် အခန်းသို့ပြန်လာလိုက်သည်။*ဟာ ဘယ်လိုဖြစ်တာပါလိမ့်*
ရေချိုးခန်းမှန်မှတဆင့် မြင်လိုက်ရသည့် နှုတ်ခမ်းထောင့်မှ သွေးစို့နေသည့်ဒဏ်ရာအား ကိုင်ကာ သေချာစဉ်းစားနေမိသည်။ သို့သော် တစ်စွန်းတစ်စတောင်သတိမရ။ နောက်ဆို မသောက်ဘဲနေရမယ်။ သောက်ပြီးရင် လူစိတ်ပျောက်ပြီး လူတကာကို လိုက်နမ်း။*သေစမ်း ငါတော့တကယ်ကို မီးမွှေးမိပြီထင်တယ်။*
မူးလာရင် လိုက်နမ်းတတ်သည့် ကိုယ့်အကျင့်ကို စဉ်းစားမိတော့ ခေါင်းထဲဝင်လာသည်က စီနီယာ။ ညက စီနီယာကို နမ်းမိလို့ စီနီယာက ထိုးလိုက်တာနေမှာ။ အဲဒါကြောင့် ဒီမနက်လဲ စိတ်ဆိုးပြီး အစောကြီးထပြန်သွားတာနေမယ်။ သေလိုက်ပါတော့ kyungsooရယ်။❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤
စီနီယာဖျော်ပေးခဲ့သည့် ပျားရည်ကြောင့် လူကလန်းဆန်းနေသော်လည်း စိတ်ကတော့ မလန်းဆန်းနိုင် ဘယ်လိုတောင်ပြဿနာရှာသော do kyungsooလဲ။
VOCÊ ESTÁ LENDO
Under the mistletoe (Complete)
RomanceYour lips on my lips, that's a Merry Merry Christmas.