*ကိုရီးယားအနံ့လေး*
လေယာဉ်ပေါ်ကဆင်းဆင်းချင်း လက်နှစ်ဖက်ကိုဘေးဆန့်ရင်း ခေါင်းမော့ကာ မျက်စိမှိတ်ပြီး အသက်ရှူသွင်းကာ ပြောနေသော kyungsooကို kaiကပခုံးဖက်ကာ ခေါ်သွားပြီး နှစ်ယောက်သား စကားပြောကာရီနေကြသည့်မြင်ကွင်းကို chanyeol မကြည့်နိုင်ပါ။ သူkyungsoo ကိုပိုချစ်မိနေတာလား? ကိုယ့်ကိုယ်ကိုလဲမုန်းလာပြီ။ ဟိုလိုလို ဒီလိုလိုဖြစ်နေရတာ ရူးမတတ်ပင်။ တကယ်ပဲ ပြတ်သားချင်နေပါပြီ။*Yeol သွားရအောင်လေ*
အတွေးတွေနှင့် ပတ်ဝန်းကျင်ကို သတိလွတ်နေတာများ taxiပေါ်အထုတ်တွေတင်ပြီး sehunလှမ်းခေါ်မှ သတိပြန်ကပ်လာသည်။ kyungsooတို့ကိုတော့မတွေ့တော့ပေ။❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤
ဂျပန်ကပြန်လာပြီးနောက်ပိုင်းမှာ kyungsooနှင့် kai ပိုပြီးပူးကပ်လာသည်ကိုမြင်နေရသည်။ အခန်းမတူသော kaiဟာ အခန်းပြောင်းပြီးတော့ kyungsooဘေးတွင်လာထိုင်သည်။ canteenတွင်လဲ တပူးတတွဲတွေ့ရတတ်သည်။ kyungsooအကလေ့ကျင့်လျှင်လဲ kaiကဘေးကနေ အစစအရာရာသင်ပြပေးသည်။ energy drink မကြိုက်တဲ့kyungsooကို ဓာတ်ဆားရည်တိုက်တာတွေအထိပေါ့။ kyungsooကလဲ kaiကို သီချင်းဆိုသင်ပေးတတ်သည်။ kaiနားမလည်သည့်စာတွေဆိုလဲ ရှင်းပြတတ်သေးသည်။ သူတို့နှစ်ယောက်ရဲ့အခြေအနေကဘာလဲ? ကိုယ်နောက်ကျခဲ့ပြီလား kyungsoo?
❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤
*မနှစ်က Christmasကိုလွမ်းလိုက်တာဟာ*
*ဘာလို့လဲဟ*
*နင်သိတယ်မလား မနှစ်ကchristmasမှာ ငါ့အမေရဲ့ဇာတိကိုငါပြန်သွားတယ်လေ*
*အင်း သိတယ်လေ နင့်ကိုနမ်းသွားတဲ့တစ်ယောက်ဆိုလားဘာလား သူ့ကိုရှာတွေ့လို့လား*
*မတွေ့ပါဘူးဟာ Mistletoe ပင်အောက်မှာဟ မျက်လုံးကလဲ ပုဝါစည်းထားလို့မမြင်လိုက်ရဘူး*
စာကြည့်တိုက်တွင်စာဖတ်နေရင်း ကြားလိုက်ရတဲ့စကားသံကြောင့် chanyeol ဘေးဘီကိုအသည်းအသန် ဝေ့ဝဲကြည့်မိတော့ သူ့နောက်ကျောမှာစကားပြောနေသည့် ကျောင်းသူနှစ်ဦး။ ဆံပင်အတိုလေးနှင့်ကျောင်းသူကနားထောင်နေဟန်ရှိပြီး ကျောလည်လောက်ရှည်တဲ့ဆံပင်ကို ခပ်မြင့်မြင့်ချည်ထားသော ကျောင်းသူကပြောပြနေသည်။
KAMU SEDANG MEMBACA
Under the mistletoe (Complete)
RomansaYour lips on my lips, that's a Merry Merry Christmas.