Kyungsooအား စောင့်ဆွဲလိုက်ကာ နှစ်ယောက်သားမတော်တဆ နှုတ်ခမ်းချင်းခလုတ်တိုက်မိသောညက~~~
*အင့်*
မူးနေသောkyungsooက Chanyeol ပေါ်ကိုပြုတ်ကျရင်း ထပ်တူကျနေသောနှုတ်ခမ်းတွေကို ဖြည်းညှင်းစွာလှုပ်ရှားစပြုလာသည်။ ထို့အတူ သိပ်မမူးသော chanyeol မှာလဲ kyungsooနှုတ်ခမ်းတွေထံမှရုန်းမထွက်နိုင်။ ရုန်းထွက်ဖို့လဲမစဉ်းစားမိခဲ့ပေ။ တဖြည်းဖြည်း အနမ်းတွေနက်ရှိုင်းလာတာနှင့်အမျှ kyungsooရဲ့လက်တွေက ဂဏာမငြိမ်တော့ပဲ ဟိုပွတ်ဒီပွတ်လှုပ်ရှားလာခဲ့သည်။ ဒီတိုင်းဆက်သွားလျှင် မဖြစ်သင့်တာတွေ ဖြစ်ကုန်မည်မှာ အသေအချာပင်။ ထို့ကြောင့် kyungsooနှုတ်ခမ်းထောင့်ကို အသာဖိကိုက်လိုက်တော့ နူးညံ့နေတဲ့နှုတ်ခမ်းက ပေါက်သွားကာ သွေးထွက်သွားသည်။*အ ကျွန်တော့ကိုကိုက်တယ် စီနီယာကကျွန်တော့ကိုကိုက်တယ် ပြန်ကိုက်မှာ ကျွန်တော်လဲပြန်ကိုက်မှာ*
Kyungsoo မူးမူးနှင့် စကားတွေထပြောပြီး chanyeolနှုတ်ခမ်းထောင့်ကိုပြန်ကိုက်လိုက်တော့သည်။*ခွေးပေါက်လေး*
သူ့ပေါ်မှာ မှောက်လျက်လေးအိပ်ပျော်နေသော kyungsooကို ဘေးသို့မချဖြစ်ခဲ့။ ဆံပင်တွေကို လက်နှင့်ထိုးဖွရင်း အသည်းယားစွာပြောမိသည်။ kyungsooကတော့ အိပ်မက်ကမ္ဘာထဲမှာ မွေ့ယာအကြီးကြီးပေါ်မှာအိပ်ပျော်နေသည့်တဲ့။*ကျွန်တော့ စီနီယာကိုချစ်တယ်*
အိပ်နေရင်း ယောင်ကာပြောသောစကားကြောင့် chanyeolရင်ခုန်ခဲ့ရသေးသည်။*ကိုယ်လဲမင်းကို စတွေ့ထဲကချစ်မိတာထင်တယ်*
ဘယ်သူ့ကိုမှ မပြောဖြစ်ခဲ့တဲ့ အမှန်တရားတစ်ခုကို chanyeol ထုတ်ဖော်ပြောခဲ့သည်။ သို့သော် သူတစ်ယောက်သာကြားနိုင်သည်။ တချိန်ချိန်တော့~~~❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤
*ဟေ့ကောင် yeol ဘာလုပ်နေတာလဲ။ လာလေ*
ဘယ်လောက်ကြာအောင် စဉ်းစားနေမိလဲမသိ ပြဇာတ်ခန်းထဲမှ xiumin၏အော်ခေါ်သံကြားမှ chanyeolသတိပြန်ဝင်လာသည်။

YOU ARE READING
Under the mistletoe (Complete)
RomanceYour lips on my lips, that's a Merry Merry Christmas.