PART-1

19.3K 413 17
                                    

"​မေ​မေ...မိုင်း​ ​ကျောင်းအ​ဆောင်​​နေချင်​တာ​လေ
ဘာလို့အပြင်​တိုက်​ခန်းငှါး​ပေးတာလဲ"

"​ကျောင်းအ​ဆောင်​ဆိုလူများတယ်​​လေ...
တိုက်​ခန်းဆို​တော့နင့်​အတွက်​မ​ကောင်းဘူးလားမိုင်းရယ်​"

"​အဲ့တာဆိုလဲတ​ယောက်​တည်းသီးသန့်​ငှါး​ပေး​လေ...
အခု​တော့တခါမှမ​တွေ့ဘူးတဲ့တစိမ်းတ​ယောက်​နဲ့အတူ​နေရမှာကို..မိုင်း..မှမကြိုက်​တာ"

"နင်​​ကျောင်းအ​ဆောင်​​နေရင်​လဲ..တစိမ်း​တွေနဲ့​နေရမှာပဲ​လေ"

"မတူဘူး​လေ​မေ​မေရယ်​အဲ့မှာက...စိမ်းလဲ့.....တို့လဲရှိတယ်​​လေ
သူအ​မေကသူ့ကို...​ကျောင်းအ​ဆောင်​ထားမှာ
စိမ်းလဲ့ဆိုတာငယ်​ငယ်​တည်းက ပုခုံး ဖက်​​ပေါင်းလာတာ
ပြောမနာဆိုမနာ​တွေဆိုတာ​ ​မေ​မေ လဲသိသားနဲ့"

"​တော်​​တော့ မိုင်း ငါ့ကိုစိတ်​တို​အောင်​မလုပ်​နဲ့
အခုနင်​နဲ့အတူ​နေမှာက ငါ့ အချစ်​ဆုံး သူငယ်​ချင်းရဲ့သမီး"

"ငါ့မျက်​နှာကိုအိုးမည်းမသုတ်​နဲ့...မိမိုင်း...
ုပြီး​တော့~သူကနင့်​နဲ့..တက်​မယ့်​တက္ကသိုလ်​တူတယ်
နင်​​ပေါင်းတက်​ရင်​ အ​ဖော်​​ကောင်းတ​ယောက်​​တောင်​ဖြစ်​​သေးတယ်
အာ့မို့ ငါတို့ သူငယ်​ချင်းနှစ်​​ယောက်​တိုင်​ပင်​ပြီး ငှါးတာ
"

"​အီး....​မေ​မေရယ်​😭😭​သေချာစဉ်းစား​ပေးပါအုန်း"

"တိတ်​မိမိုင်း....နင်​အဲ့လိုမလုပ်​ရင်
နင်​အိမ်​မှာပဲ​နေပြီး​ကျောင်းတက်​ရမယ်​"

🚋🚋🚋🚋🚋🚋🚋🚋🚋🚋🚋

"​မေ​မေ...​နေခြည်​ ဖို့ငှါးထားတဲ့တိုက်​ခန်းကဘယ်​နားမှာလဲဟင်​"

"​ကမာရွတ်​မှာသမီး​လေးရဲ့...
ကျောင်းနဲ့က​ဝေး​ပေမယ့်
သမီးအတွက်​အစစ အရာရာအဆင်​​ပြေ​အောင်​​​မေ​မေက
အဲ့မှာတိုက်​ခန်းငှါးလိုက်​တာ"

"အာ့မို့ ​မေ​မေ့ ကိုချစ်​​နေရတာ" ​နေခြည်​သူ့အ​မေရဲ့ပါး​နှစ်​ဖက်​ကို နှာ​ခေါင်း ချွန်​ချွန်​​လေး​တွေနဲ့ ဖိကပ်​လိုက်​တယ်

CULT🍃Donde viven las historias. Descúbrelo ahora