ကိုယ်လုံးပေါ်မှန်ချပ်ရှေ့တွင် ထင်ဟပ်နေသော
ဆင်စွယ်ရောင်ဝတ်စုံဝတ်ဆင်ထားသည့် မိမိပုံမိမိကြည့်
လိုက်ပြီး Baekhyun နှုတ်ခမ်းထက်တွင်အပြုံးတချက်
ဖြစ်ပေါ်လာသည်။ရင်ခုန်ခဲ့သည့်နေ့ရက်များ၊ ပျော်ရွှင်ခဲ့သည့်နေ့ရက်များ၊
ခက်ခဲခဲ့သည့်နေ့ရက်များ၊ငိုခဲ့သည့်နေ့ရက်များ၊ ကြည်နူး
ရပြန်သည့်နေ့ရက်များ၊ ထိုသို့သော နေ့ရက်များစွာကို
ဖြတ်ကျော်ပြီး ဒီနေ့ ဒီအချိန် ဒီနေရာသို့Baekhyun
ရောက်လာခဲ့ပြီ။သူ အခုမတ်တပ်ရပ်နေသည့် အခန်း၏အပြင်ဘက်တွင်
လူငါးဆယ်ထက်မနည်းရှိနေနိုင်သည်။ထိုသူများသည်
သူ့ဘဝ၏အရေးကြီးလှသော နေ့တနေ့ကိုကောင်းချီးပေး
ရန်လာခဲ့ခြင်းလား?မယုံနိုင်စွာဖြင့် တဒိတ်ဒိတ်ခုန်လာသောရင်ကို အသာဖိ
ပြီး မျက်စိစုံမှိတ်ထားလိုက်မိသည်။စည်းချက်ကျကျဖြင့်မြန်နေသောနှလုံးခုန်သံ ၊
ခါးနားဆီသွယ်ယှက်လာသည့် လက်တစုံနှင့်အတူ
သူ့ကျောဘက်သို့ဖိကပ်လာသည့်ရင်ခွင်ထက်မှ
သူ့ရင်ခုန်သံထက်မြန်ဆန်နေသည့် နှလုံးခုန်သံတစ်ခု
ကိုခံစားလိုက်ရအပြီးမှာ Baekhyun မှေးမှိတ်ထား
သည့်မျက်လုံးတို့ကိုဖွင့်လိုက်တော့သည်။မြင်လိုက်ရသည်က သူ့အသက်ထက်ချစ်ရပါသောသူ
သူ့အရာရာ၊ သူ့ဘဝ … သူ့ချစ်သူ…………
နောက် မိနစ်အနည်းငယ်အကြာမှာ သူ့ခင်ပွန်းဖြစ်တော့
မည့် Park Chanyeolကိုဖြစ်ပါသည်။"Hyung……"
"Bae အရမ်းစိတ်လှုပ်ရှားနေလား?"
တိုးညင်းစွာပြောလိုက်သည့်Chanyeol၏လေသံ
သည် Baekhyun နားစည်ထဲဖွဖွလေးဖြတ်ဝင်သွား
သည်။ နီးကပ်လွန်းစွာဖက်ထားသည့်အတွက်
Chanyeol၏အသက်ရှုထုတ်လိုက်သည့်လေထုငယ်
သည် Baekhyunလည်တိုင်တလျှောက်စိမ့်ဝင်သွားသလိုပင်။ပြုံးလိုက်သည့်နှုတ်ခမ်းအလှုပ်အရှားသည် Baekhyun
နားရွက်ဖျားထက်လာပုံဖော်လို့နေသည်။တုံ့ပြန်စကားမဆိုမိပဲ မျက်စိတဖန်ပြန်မှိတ်ချပြီး Chanyeolရင်ခွင်ထဲပိုတိုးလို့မှီလိုက်သည်။
YOU ARE READING
Notice : We are in a relationship
Fanfiction- ကျွန်တော်တို့နှစ်ယောက်ကြား ဝင်လာတဲ့သူ ၊ ဝင်လာတဲ့အရာ မှန်သမျှကို ကျွန်တော်က ဒီအတိုင်းကြည့်နေမှာ မဟုတ်ဘူးဆိုတာ သိထားပါ - - ကျွန်တော်တို့နှစ်ယောက်ကြား ဝင်လာတဲ့သူ ၊ ဝင်လာတဲ့အရာ မှန်သမျှကို ကျွန်တော်က ဒီအတိုင်းကြည့်နေမှာ မဟုတ်ဘူးဆိုတာ သိထားပါ -