Act 24 : L.O.V.E In Pattaya

5.8K 754 157
                                    

[Please scroll down for unicode version]

Chan Yeolတို့အသိုင်းအဝိုင်းတွင် Baek Hyunကို
ပထမဆုံးလက်ခံပေးသူမှာ အစ်မ Yooraဖြစ်သည်။

ချစ်ဖို့ကောင်းသောဖြူလုံးလေးBaek Hyunနှင့်သူ့
မောင်ဖြစ်သူ မတန်ပါဘူးဟု ခဏခဏရေရွတ်နေသူ
လည်းဖြစ်သည်။

ထို့ကြောင့်လည်း Park Chan Yeol၏ နှုတ်ခမ်းဆူ
စိတ်ကောက်မှုကို ခံရသူလေးဖြစ်ပြန်သည်။

အစ်မYooraဖိတ်သည့်နေရာက သူမတို့လင်မယား၏
ကြင်စဦးအိမ်။

ပန်းခြံငယ်နှင့်လိုက်ဖက်သောတထပ်တိုက်လေးကို Baek
Hyunစမြင်တည်းကသဘောကျသည်။ မိဘတွေ
သဘောကျ သူဌေးဒုတိယမျိုးဆက်နှင့်မယူခဲ့လေပဲ
ချစ်သူကိုသာရွေးချယ်ခဲ့သော အစ်မYooraသည်
မောင်ဖြစ်သူ Park Chan Yeol၏ ရွေးချယ်မှုကိုနား
လည်သဘောကျပေးသည်မှာမဆန်း။

အေးအေးဆေးဆေးနေချင်ကြသည့် ဇနီးမောင်နှံ၏နေအိမ်
မှာသာယာငြိမ်းချမ်းလှသည်။ ခြံထဲတွင် ယောက်ဖ
တော်သူနှင့် စကားစမြည်ဆိုကာ ကျန်နေခဲ့သော Chan Yeolကို ထားခဲ့ပြီး Baek Hyunကအိမ်ထဲသို့ဝင်
သည်။ ဖိနပ်ချွတ်နေရာတွင် ဖိနပ်ကိုချွတ်ထားခဲ့ပြီး အိမ်
ထဲသို့ဝင်မည်ပြင်စဉ် အစ်မYooraက Baek Hyun
နားသို့ရောက်လာခဲ့သည်။

"လာ မောင်လေး"

"အစ်မ ဘာတွေချက်နေတာလဲ ?"

"Park Chan Yeolက ညကအစ်မဆီကို မင်းကြိုက်
တတ်တဲ့ဟင်းတွေ တန်းစီရေးထားတဲ့စာရွက်ပို့ပေး
လိုက်တယ်လေ"

Baek Hyun ပါးစပ်အဟောင်းသားဖြစ်သွားပြီး အစ်မ
ကို အားနာစွာကြည့်ရသည်။

- ဒီလူကြီးကတော့ ငါ့ကိုအမှတ်လျော့အောင်လုပ်နေပြန်
ပါပြီ။ 😥 -

"ကျနော် ဝိုင်းကူပေးမယ် အစ်မ"

"အင်းပါ လာလာ"

Apronနှင့်ထွက်လာသော အစ်မသည် Baek Hyun
လက်ထဲက ဝိုင်ထည့်ထားသည့်အိတ်ကို လက်ပြောင်း
လွှဲယူရင်း မီးဖိုခန်းထဲသို့ခေါ်သွားသည်။

အိမ်ထောင်ရှင်အမျိုးသမီးတယောက် ထိန်းသိမ်းထား
သောမီးဖိုခန်းသည် ပြီးပြည့်စုံသည့်အနုပညာတစ်ခုလို
ဖြစ်သည်။

ဟင်းလျာများချက်ပြုတ်လက်စတန်းလန်းနှင့်တောင်
ပစ္စည်းများမှာ သူ့နေရာနှင့်သူ အစီအစဉ်ကျကျ တည်ရှိ
နေသေးသည်။ သူတို့ ၊ Chan Yeolတို့ မီးဖိုချောင်
ဝင်ပြီးပြန်ထွက်လာလျှင် မီးဖိုခန်းက ကမ္ဘာစစ်ဖြစ်သွား
သည့်အလားပင်။

Notice : We are in a relationship Donde viven las historias. Descúbrelo ahora