Act 6 : Take you home

8.4K 1.1K 258
                                    


ပါးတဖက်ကိုကျူးကျော်နမ်းသွားသည့်တိုင် Boss Park
ကိုအသက်ရှင်လျက်နှင့် မိမိအိမ်ထဲမှနေ Baekhyun
ထွက်သွားခွင့်ပေးခဲ့ပါသည်။

"tsk… ငါတော့ဒုက္ခလှလှတွေ့ပြီ"

ရေချိုးခန်းထဲကမှန်တွင်ပေါ်နေသည့်မိမိပုံရိပ်သည် အနီ
ဘက်သို့သိသိသာသာသမ်းနေသည်။

အောက်နှုတ်ခမ်းကိုဖိကိုက်ပစ်ပြီးမပြုံးရအောင်ထိန်းပစ်
နေရသည်။

Ok'.' Baekhyunအသက်လည်း နှစ်ဆယ်ကိုတော်
တော်ကျော်လို့နေပြီ။ ကြိုက်နေတာကို မကြိုက်ပါဘူးတွေ
ဘာတွေအတင်းငြင်းနေရတော့မည့်အရွယ်မဟုတ်
တော့။ နောက်ပြီး ရင်လေးတချက်ခုန်တာနဲ့ ဒီလူမှဒီလူ
တမ်းတမ်းစွဲဖြစ်သွားသည့်အရွယ်လည်းမဟုတ်တော့ပါ
လေ။

သူ့နှုတ်ခမ်းနဲ့သူ့ပါးကိုနမ်းသွားသည့်ယောက်ျားလေးသည်
Boss Park Chanyeolသာမဟုတ်ပဲ တခြားသူ
သာဆို ထိုသူ့ဘဝတွေးရဲစရာမရှိအောင် Baekhyun
လုပ်ပစ်နိုင်သည်။

Park Chanyeolဖြစ်နေလို့သာ၊ Park Chanyeolမို့သာ လက်သီးတချက်နဲ့ပြီးသွားပြီး Baek
Hyun ပါ ရင် အဆစ်ခုန်သွားရတာ။

Luhanသာကြားရင်တော့ ခပ်ထေ့ထေ့ကြည့်ပြီး Baekhyunကိုလှောင်ပြုံးဦးမည်ထင်သည်။

^ပြောတော့နှောင့်ယှက်ခံနေရတာပါဆို ^
^မင်းကိုက နှောင့်ယှက်ခံချင်နေတာ
သောက်ကလေး'^ဟုပစ်ပစ်နှစ်နှစ်ပြောဦးမည်ထင်သည်။

"ဟာ မသိတော့ပါဘူး"

ထိုညက Baekhyunတယောက် အရမ်းမပြုံးမိစေဖို့
တော်တော်ထိန်းသိမ်းလိုက်ရပါသည်။

နောက်တနေ့မနက်ရောက်လေသည့်အခါ ထုံးစံအတိုင်း
အိမ်ရှေ့၌ Boss ကိုတွေ့ရပြန်သည်။

"ကိုယ် လိုက်ပို့မယ်" ဟုအပြုံးကြီးကြီးတွေနဲ့ပြောပြီး
Baekhyunကားနောက်ထပ်ချပ်မခွာလိုက်ပြန်လေ
သည်။

စာပေတိုက်သို့ရောက်လေသည့်အခါ သူလည်းသူ့ရုံးခန်း
ရှိရာသူ့ကိုယ်ပိုင်ဓာတ်လှေကားနှင့်တက်ပြီးBaekhyun
လည်းကိုယ့်Fiction ဌာနရှိရာကိုယ်တက်ခဲ့သည်။

ဓာတ်လှေကားထဲမဝင်ခင် Baekhyunမတ်တပ်ရပ်
နေသည့်တဖက်ခြမ်းသို့ ပြုံးပြုံးကြီးကြည့်နေပြန်သဖြင့်
Baekhyunနှင့်အနီးတဝိုက်မှာရပ်နေသောမမများ
သည် Bossအပြုံးကြောင့် နှလုံးလေဟပ်ကုန်သည်။

Notice : We are in a relationship Tahanan ng mga kuwento. Tumuklas ngayon