ဘေးနားမှာငြိမ်ငြိမ်လေးထိုင်နေသူ၏မျက်နှာလေးကို
ကားမောင်းရင်းခိုးခိုးကြည့်နေရတာကိုက Park Chan
Yeolအတွက် အလုပ်တစ်ခုဖြစ်နေသည်။တော်သေးသည်က ကြည့်နေမှန်းသိသော်လည်း ထို
မျက်နှာလေးတခြားဘက်သို့လှည့်မသွားခြင်းပင်။အချိန်ဆွဲကာကားကိုဘီးလှိမ့်ရုံလောက်မောင်းလာသော်
လည်းအချိန်တန်တော့Baekhyunအိမ်ရှေ့ဆိုက်မြိုက်
စွာရောက်လာသည်ပဲ။ကားစက်ကိုဖြည်းဖြည်းချင်းသတ်ပြီးတဖက်ခြမ်းက
ကောင်လေးဆီ ကိုယ်တခြမ်းစောင်းကာကြည့်လိုက်မိ
တော့ အနည်းငယ်လှုပ်လှုပ်ရှားရှားဖြစ်လာသည်။အိမ်ရောက်ပြီဟူ၍လည်းမပြောရဲ။ ဇိုးကနဲဇက်ကနဲဆင်း
ချသွားမှာဆိုးရသည်။"Bae!!baekhyunee"
"Boss ကျွန်တော့်ကိုဘာလို့ကြိုက်တာလဲ?"
အဟွတ်……ဟွတ်~~မထင်မှတ်ထားပါသော
ရုတ်တရတ်ဆန်သည့်အနှီမေးခွန်းမှာ Boss Park
လေသီးပြီးချောင်းတွေထဆိုးတော့သည်။သူ့မှာသာရုပ်ပျက်ဆင်းပျက်ချောင်းဆိုးနေသလောက်
ကောင်ငယ်လေးမှာမျက်နှာသေဖြင့်သူ့အဖြေကိုစောင့်ငဲ့
နေတုန်းပါပင်။"ဟို……ဒါက"
"Bossတွဲခဲ့ဘူးသမျှ Bossအသက်ထက်တောင် အရေ
အတွက်များနိုင်တဲ့ရည်းစားတွေကအကုန်မိန်းကလေးတွေ
ချည်းပဲမဟုတ်ဘူးလား?!တဒက်ဒက်ပြောချသွားသောစကားများနောက်မှာ
Bossရင်ဆိုင်တုံ့ပြန်နိုင်စွမ်းမဲ့နေသည်။တယောက်ယောက်ကသူ့လျှာကိုခေတ္တခဏလာဖွက်
သွားသလားပင်။Baekhyunသည်ကားခေါင်းတခါခါလည်တခါခါဖြင့်
သက်ပြင်းများအလီလီချရင်း"မဖြစ်နိုင်ဘူး ဘယ်နားကနေဘယ်လိုလှည့်တွေးတွေး
ဒါကြီးကယုတ္တိလည်းမရှိသလို လက်ခံပေးလို့လည်းမရ
ဘူး။ သေချာတယ် ဒါ……"ဗြုန်းစားကြီးသူ့ဘက်သို့မျက်နှာလှည့်ကိုယ်လှည့်လာ
သည့်အခါ Boss Parkယောင်ယမ်းပြီးနောက်သို့
ဆုတ်မိသွားပါသည်။ Baekhyunမှာ သူ့မျက်နှာကို
တည့်တည့်စိုက်ကြည့်ကာ
ВЫ ЧИТАЕТЕ
Notice : We are in a relationship