Act 3 : Assistant Editor Byun Baekhyun

9.8K 1K 335
                                    

သို့ပေမဲ့…အတွင်းရေးမှူးKimဆိုသူသည် တော်ရုံ
တန်ရုံအရည်အချင်းဖြင့် Boss Park၏အတွင်းရေးမှူး
ဖြစ်လာတာ မဟုတ်သည့်အလျောက် နှစ်ရက်ပြည့်သည့်
နေ့မှာပဲ Boss လက်ထဲကို Byun BaekHyun
လက်ထောက်အယ်ဒီတာ၏ သတင်းအချက်အလက်
အပြည့်အစုံ လက်ဝယ်အပ်နိုင်လေ၏။

"……….ကျောင်းတုန်းကချစ်စရာကောင်းတဲ့
ကောင်လေးဆိုပြီးLuhanနဲ့အပြိုင် နာမည်ကြီးတယ် ။ သူငယ်ချင်းတွေမြှောက်ပေးလို့ တကျောင်းလုံးက
အချောဆုံးကောင်မလေးနဲ့တွဲဖြစ်သွားတယ်။
နောက်ဆုံးနှစ်ထိတွဲပြီး ကောင်မလေးနိုင်ငံခြားထွက်သွားတာနဲ့ အလိုလိုပျက်သွားကြတယ်။ဒါပဲလား????"

A4၂ရွက်နီးပါးရှိသည့် သူများကိုယ်ရေးကိုယ်တာတွေကို
အားရပါးရဖတ်ပြီးသည့်တိုင် ဒါပဲလား မေးနေသည့်Boss
Parkအားဖြတ်ရိုက်ပစ်ချင်စိတ် အတွင်းရေးမှူးKim
တွင်ဖြစ်၏။

သို့သော်ငြား သူ့ဝန်ထမ်း သူ့လခစားဖြစ်နေသောကြောင့်
မချစ်သော်လည်းအောင့်ကာနမ်း၊ အစွမ်းကုန်ပြုံးဖြီးလျက်

"ကျွန်တော် အကောင်းဆုံးရှာဖွေစုဆောင်းထားတဲ့
အချက်အလက်တွေပါ Boss"

"အရေးကြီးတာတခုကျန်ခဲ့တယ်"

အသာလေးပြုံးလာသောBoss၏အပြုံးများကို အတွင်း
ရေးမှူးKim ကြောက်လှသည်။ထိုအပြုံးများ၏နောက်
ကွယ်မှာ သူ့အတွက်တူးထားသောထောင်ချောက်၊
ထောင်ချောက်တွေဆိုတာ နည်းမည်မဟုတ်မှန်းရိပ်မိနေ
သည်။

"Baekhyuneeကယောက်ျားလေးတွေသဘောကျ
တတ်လားဆိုတာ!!!"

"Oh……Bossကလည်း ။ ကောင်လေးမှာမိန်းကလေး
ရည်းစားရှိဖူးတယ်လေ ။ အဲ့ဒါကလည်းအချောဆုံး
ကောင်မလေးနဲ့ဗျ။ အဲ့လိုလူမျိုးက ရူးနေလို့??"

"ငါကအဲ့ကောင်မလေးထက် လန်းတဲ့မဒီတွေ ထည်လဲ
တွဲဖူးတယ်။ ဒါပေမဲ့ ငါအခု Baekhyunကို သဘောကျ
နေတယ်လေ ။ ကဲပြောပါဦး ငါကရူးနေပြီလား
Kim Jong Dae ssi"

နာမည်အရင်းတွေတောင်ပိတ်ခေါ်ကုန်ပြီမို့ အတွင်းရေးမှူး
Kimပါးစပ်ပိတ်သွားသည်။ Bossကအစတည်းကရူးပြီး
သားပါပဲဟုပြောချင်နေတာ ပါးစပ်ကိုယားလို့ရယ်။

Notice : We are in a relationship Nơi câu chuyện tồn tại. Hãy khám phá bây giờ