Act 21.1 : The one I choose for life

5.3K 887 79
                                    


သားဖြစ်သူမှ အရေးကြီးသောသူတစ်ယောက်နှင့်မိတ်
ဆက်ပေးစရာရှိသည်ဆိုကာ ကိုရီးယားသို့ပြန်လာ
ခိုင်းသည်။

ယောက်ျားလေးတစ်ယောက်ကိုချစ်သူအဖြစ်မိတ်ဆက်
ပေးလာပေမဲ့ သူတို့တွေမအံ့သြမိ။ အနေဝေးပေမဲ့
ဒီသားငယ်အကြောင်း သူတို့အကုန်သိရှိရသည်။

ယောက်ျားလေးချစ်သူရှိတာသိပေမဲ့ မိတ်ဆက်ပေးရ
လောက်တဲ့ထိအဆင့်ရောက်လာတာဆိုတော့ သူတို့က
မည်သို့မည်ပုံတုံ့ပြန်ပေးရမည်နည်း ??

ဆယ်ကျော်သက်တည်းက သူ့ဘဝသူကျောင်းခဲ့သည့်
သားငယ်ကို အချစ်ရေး အိမ်ထောင်ရေးကျမှ သူတို့
ဝင်မစွက်ဖက်သင့် ၊ စွက်လည်းမစွက်ဖက်လိုသည့်
အတွက် ဝမ်းပမ်းတသာသာလက်ခံပေးကြသည်။

မိသားစုညစာစားဝိုင်းတွင် စကားဝိုင်းကသိသိသာသာ
နှစ်ပိုင်းကွဲသွားခဲ့ပြီးသည့်နောက် Baek Hyunမှာ
ဖခင်ဖြစ်သူနှင့်စကားလက်ဆုံကျနေသော Chan Yeol
ကိုသာပြုံး၍သာကြည့်နေသည်။

ထိုသို့Baek Hyunကို သူ၏မိခင်ကလည်း ပြုံးလျက်
ကြည့်နေခဲ့သည်။

"ကျေးဇူးတင်ပါတယ် မေမေ"

စားသောက်ပြီးနောက် ကားသို့လိုက်ပို့ပေးစဉ် Baek Hyunက ထိုစကားဆိုသည်။ ရှေ့မှာလျှောက်သွား
သည့် Chan Yeolနှင့် Baek Hyunဖခင်ကို လှမ်း
ကြည့်ရင်း သူမက

"ဘာကိုလဲ သားငယ်"

"Hyungကိုလက်ခံပေးလို့"

သိမ်မွေ့သည့်အလှဖြင့်တင့်တယ်နေဆဲမေမေက နူး
နူးညံ့ညံ့ပြုံးသည်။ ထို့နောက် Baek Hyunဆံပင်တွေ
ကို ပွတ်သပ်ပေးရင်း

"မေမေတို့လက်မခံရင်ရော ? သားငယ်က နောက်ဆုတ်
မှာလား ?"

ထင်မထားသည့်စကားဖြစ်သည်ထင် Baek Hyunက
ငြိမ်ကျလျက် တွေးတောသွားသည်။ သို့ပေသိ တမိနစ်
စွန်းလောက်မှာပင် နှုတ်ခမ်းတို့တွန့်ကွေးလျက် ရယ်
ဖြစ်ကာ ခေါင်းခါသည်။

မေမေက မျက်စောင်းမမည်သောအကြည့်လေးတချက်
ဝင့်ကာ Baek Hyunခေါင်းကိုမနာအောင်ထိပ်ခေါက်
ရင်း

"ခွေးကောင်လေး"

အသည်းယားဖွယ်သောနာမ်စားလေးသည် ထိုသားငယ်
လေးအတွက်သာဖြစ်သည်။ ချစ်မဝသောသားငယ်က
ချစ်ရသူရှိလာပြီဆိုတော့လည်း သူမတို့က ဝမ်းမြောက်ရ
ပေသည်။

Notice : We are in a relationship Tempat cerita menjadi hidup. Temukan sekarang