Act 7 : LUHAN, THIS LITTLE RASCAL

7.5K 1K 224
                                    


Tingggggg

ဖုန်းမြည်လာသံကြောင့် နက်ခ်တိုင်ချည်နေရင်းမှနေ
Baekhyunဖုန်းကိုလှမ်းယူလိုက်သည်။

ခေါ်ဆိုသူမှာ Luhanဖြစ်သောကြောင့် Baekhyun
အစိမ်းရောင်ဘက်ဖိဆွဲလိုက်ကာ speakerဖွင့်လိုက်
လေသည်။

"အင်း …… ပြော"

"ငါရောက်နေပြီ မင်းပြီးတော့မှာလား?"

လျှို့ဝှက်နံပတ်သိလျက်နှင့်အထဲသို့ဝင်မလာပဲအပြင်ဘက်
ကနေဖုန်းဆက်လှမ်းခေါ်နေသည့်ငနဲသားကို မမြင်ရမှန်း
သိသော်ငြား  ဖုန်းကနေတဆင့် ဂျိုကြည့်ကြည့်ပေးလိုက်
သည်။

လူကစိတ်မကြည်ပါဘူးဆို သင်းကတမှောင့်။

"ခဏစောင့် ထွက်လာခဲ့မယ်"

"အေး ဒါနဲ့Baekhyun……

ပုံမှန်လေသံဖြင့်ပြောနေရင်းမှ ရုတ်တရတ်ကြီးတိုးကျသွား
သောလေသံကြောင့် Baekhyunမျက်မှောင်ကျုံ့မိ
စဉ်မှာပင်

"ဟိုကောင် Boss Park Chan Yeolက
မနက်စောစောစီးစီး မင်းအိမ်ရှေ့ဘာလာလုပ်နေတာလဲ?"

ဖြစ်နေမည်မှန်းသိသဖြင့်Baekhyunမအံ့သြ။ တမင်
သာLuhanနှင့်တွေ့အောင်လွှတ်ပေးလိုက်ခြင်းဖြစ်
သဖြင့် သူ့သူငယ်ချင်းလေးကကြည့်ကောင်းအောင်
ဖြေရှင်းပေးလိမ့်မည်။

ဒီBossက Byun Baek Hyunကိုများ သူလှည့်
ချင်တိုင်းလည်မဲ့ကောင်မှတ်လို့။

"မသိဘူး သူအားယားနေလို့နေမှာပေါ့ ။ ဒါပဲ ငါထွက်လာ
ခဲ့မယ်"

"အေး……"

ဖုန်းချလိုက်ပြီးနောက် အဆုံးပိတ်အနေဖြင့် လှန်တင်ထား
သောဆံပင်တို့ပိပြားသေသပ်နေအောင်လက်ဖြင့်တချက်
ပုံသွင်းလိုက်သည်။

"အဲ့လောက်ချောလို့လည်းတမ်းတမ်းစွဲနေတဲ့သူ ရှိတာ
နေမှာ"

မှန်မှာပေါ်နေသည့်ကိုယ့်ပုံကိုယ်လက်ညှိုးထိုးလိုက်ပါပြီး
Baekhyunအိမ်ထဲမှထွက်ဖို့ပြင်သည်။

အိမ်ရှေ့တံခါးမကိုသော့ခတ်ပြီး ခြံရှေ့သို့ကြည့်လိုက်တော့
တွေးထားသည့်အတိုင်းပင် Luhanက ကားကိုမှီပြီး
လက်ကြီးပိုက်လို့ Bossကို ခြေဆုံးခေါင်းဆုံးshowနေ
သည်။

Notice : We are in a relationship Opowieści tętniące życiem. Odkryj je teraz