Act 18 : My Responsibility

6.9K 917 64
                                    


တညလုံးကြည်ကြည်နူးနူးဖြတ်သန်းပြီးသည့်နောက်မှာ
မနက်ခင်းဆိုလည်း ချစ်သူ့မျက်နှာကို ပထမဆုံးမြင်ရပြီး
ကြည်ကြည်နူးနူးစတင်သင့်သည်မဟုတ်ပါလား?

အခုတော့ဖြင့်!

*ဖြန်းးးး

"အားး babe!"

ကျောပြင်ကို ဗျောတင်လိုက်သည့်လက်သံပြောင်ချက်က
Chanyeol ငုတ်တုတ်ပင်ထထိုင်မိသည်အထိဖြစ်သွား
သည်။

အခန်းထဲတွင် သူနှင့်ကိုယ် နှစ်ယောက်တည်းသာရှိသည့်
အတွက် Chanyeolကို ရိုက်ချပစ်လိုက်သည့်သူမှာ
ဘယ်သူမှန်းပြေးကြည့်စရာပင်မလို။

တရားခံက ကုတင်ခေါင်းရင်းကိုကျောမှီထိုင်နေပြီး
မီးတဝင်းဝင်းတောက်မျက်လုံးများဖြင့် သူ့အားကြည့်နေ
သည်ပဲ။

"ကလေး"

"မပြောနဲ့ ဘာတခွန်းမှမပြောနဲ့ ခင်ဗျားတခွန်းပြောရင်
တစ်ချက်ထိုးပစ်မယ်"

လူကသာ ကုတင်ခေါင်းရင်းမှီထားရာကမခွာတာ။
လက်သီးကတော့ ထိုင်နေရင်းကနေ Chanyeol ရှိရာဘက် ထောင်ပြနေလိုက်သည်မှာ ခပ်တင်းတင်း
ဆုပ်လို့ရယ်။

Chanyeol ချောင်းအသာဟန့်လိုက်ပြီး Baekhyun
ကို သွားများပေါ်သည်ထိရယ်ပြလိုက်မိသည်။

အပြုံးချိုချိုဆင့်လောင်းထားသည့်ထိုမျက်နှာချောချော
အား စိတ်ဆိုးနေသည့်ကြားမှ Baekhyunသည်
ရင်ခုန်ရချေသေးသည်။

အမြဲတမ်း ခံဘက်ကချည်းဖြစ်နေတော့တာပဲ။

"ကိုယ် ကူပေးမယ်လေ"

"မ လို ဘူး "

Chanyeol လက်တွေ သူ့ကိုယ်ပေါ်ရောက်လာမည်ကို
ဟန့်တားလိုဟန်ဖြင့် Baekhyunက ခပ်တည်တည်
ပြောပစ်လိုက်၏။ သို့သော်လည်း သူ တစက်လေးမှ
လှုပ်မရသည်ကို သူသာသိသည်။

"အရူးကြီး သူ့ကိုယ်မဟုတ်တိုင်း"

ပွစိပွစိဖြင့်ပြောကာ ကုတင်ခေါင်းရင်းမှီထားရာမှ
ဖြည်းဖြည်းချင်းဆင်း၏။ ရှပ်အင်္ကျီအရှည်တထည်နှင့်
ဘောင်းဘီတိုပွပွတထည်ကို မနေ့ညတည်းက Chanyeolမှာ Baekhyunအိပ်ပျော်သွားစဉ် ဝတ်ပေး
ထားပြီးသားဖြစ်ပါသည်။

Notice : We are in a relationship Место, где живут истории. Откройте их для себя