Act 13 : Mine

7.3K 1K 233
                                    


Oh Sehun ဆိုသည့် သူတော်ကောင်းကို မေတ္တာတွေ
တလှေကြီးပို့လို့အပြီးမှာ Chanyeol လက်ထဲကဖုန်းဟာ
ထမြည်လာပြန်သည်။

ခေါ်ဆိုသူမှာ အကောင်းစားအတွင်းရေးမှူးအမည်ရ contact nameပေမို့

"ဘာလဲ ဟေ့ကောင်"

"Bossကလေ Highlight တခုခုဖြစ်ပြီဆို ကျွန်တော်
အရင်သတင်းရပြီး Bossကိုအမြန်ဆုံးသတင်းပေးမှာပေါ့
တုံးချင်ရင်သူ့အပြင်နှစ်ယောက်မရှိဘူး"

"Yaa Kim Jong Dae??!"

ဘယ်လိုကနေဘယ်လို သတင်းရသွားသလဲမသိ Oh Sehunသူ့ကိုအရူးလုပ်သည့်ကိစ္စအား သိသွားပြန်ပါပြီး
သူ့ကို နှိပ်ကွက်နေပြန်သည်။

Chanyeolစကားဆက်ပြောချင်စိတ်လည်းမရှိသဖြင့်
ဖုန်းချလိုက်ဖို့ပြင်သည်။ စိတ်ထဲမှာတော့ အတွင်းရေးမှူး
ကောင်ကို လစာဖြတ်ပစ်ဖို့တေးထားသည်။

"Boss အသက်လေးBossရုံးခန်းထဲမှာ ထိုင်စောင့်နေ
တယ်သိလား? အဲ့ဒါလှမ်းပြောပြတာ ။ ကျွန်တော် ရုံးဆင်း
ပြီနော် အော် Bonus ပေးဖို့မမေ့နဲ့နော်"

သူ့ထက်ပင်ပိုမြူးထူးနေသည့်အသံဖြင့်ဆိုကာ ဖုန်းချသွား
သည့်နောက် Chanyeolလည်းအပြုံးကြီးကြီးပြုံးလိုက်ပြီး
ရုံးခန်းဆီသို့ မပြေးရုံတမယ် လျှောက်လာခဲ့သည်။

Chanyeolဘဝမှာအကောင်းဆုံးလုပ်ခဲ့တာတွေထဲက
တခုက Kim JongDaeကိုအတွင်းရေးမှူးအဖြစ်ခန့်ခဲ့တာ
လည်းပါပေ၏။

အပျော်ဇောဖြင့်တက်လာပြီးသည့်နောက် အတွင်းရေးမှူး
စားပွဲတွင်လူရှင်းနေပေပြီ။

ရုံးခန်းထဲသို့မဝင်ခင် ရှုပ်ပွနေနိုင်သည့်ဆံပင်များကိုတချက်
နှစ်ချက်သပ်တင်ပြီး နက်တိုင်ကိုသေချာစွာပြန်စည်းလို့
စိတ်တည်ငြိမ်အောင်အရင်ငြိမ်နေလိုက်သည်။

စက္ကန့်သုံးဆယ်လောက်ငြိမ်သက်လိုက်ပြီး ရုံးခန်းတံခါး
ကိုဆွဲဖွင့်လိုက်သည်နှင့် အရိပ်ကလေးတစ်ခုသည်
Chanyeolနားကို လှစ်ကနဲရောက်လာပါသည်။

လှစ်ကနဲရောက်ရုံဖြင့် မပြီးသေး သူ့ရင်ခွင်ထဲ စွေ့ကနဲ
ခုန်တက်ပစ်လိုက်သည့်နောက် Boss Parkမှာ ယောင်
ယောင်မှားမှားဖြင့် ခုန်တက်လာသည့်တကိုယ်လုံးကို
ပြုတ်မကျသွားအောင် ထိန်းဖက်ထားလိုက်ရသည်။

Notice : We are in a relationship Where stories live. Discover now