Act 16 : I miss you like you do

6.8K 1K 164
                                    

ပတ္တရားသို့မသွားရခင် ရက်တွေမှာ Bossက တတ်နိုင်
သလောက် Baekhyunနှင့်တွေ့ရသည့်အချိန်တွေကို
ဆွဲဆန့်သည်။

နေ့တိုင်းမဟုတ်ရင်တောင် အဆင်ပြေသည်နှင့်
Baekhyunကိုသွားကြိုပြီးရုံးအတူသွားသည်။
အိမ်သို့ပြန်လိုက်ပို့ပေးသည်။

မိနစ်ပိုင်းလောက်ပဲအချိန်ရပါစေ ။ Fiction ဌာနသို့
ရောက်ချလာပြီး Baekhyunမျက်နှာကိုလာတွေ့
သည်။

ဒါတောင် Baekhyunသည် အလုပ်ရှိနေလျှင် Boss
ကိုလုံးဝထွက်မတွေ့တတ်။

သူလေးကတော့ Bossနှင့်တမူထူးသောဆက်ဆံရေး
ဖြစ်နေသည့်တိုင် အထူးအခွင့်အရေးမလိုချင်တာမျိုး
ဖြစ်သည်။ Bossကိုလည်း ထိုသို့ဖြစ်စေချင်သည်။

ဒါကြောင့်လည်း ဌာနကမမတွေက အချစ်ပိုကာ
အတွင်းရေးမှူးKim နှင့် အကျိုးတူပူးပေါင်းပြီးBoss
များရုံးခန်းကထွက်လာပြီဆိုလျှင် အငယ်လေးရဲ့
အလုပ်တွေကို မသိမသာရှင်းပေးထားတတ်သေးသည်။

"ဟာ အငယ်လေး သန်ဘက်ခါ လက်မှတ်ထိုးပွဲကို
လာမဲ့ စပွန်ဆာဘက်က ဧည့်သည်listလေ"

"ဟုတ် မမ ကျွန်တော်အခုလုပ်တော့မလို့"

"မမကိုပေးလိုက် မမကိုပေး။ အယ်ဒီတာချုပ်က မင်း
ကိုခိုင်းစရာရှိလို့တဲ့"

အယ်ဒီတာမမရဲ့စကားကြောင့် Baekhyunအကြည့်က
အယ်ဒီတာချုပ်ဆီရောက်သွားသည်။ အယ်ဒီတာချုပ်က
တော့ ဖြစ်သွားတဲ့အခြေအနေကိုသဘောပေါက်သွား
သော်လည်း အယ်ဒီတာမမကိုမျက်စောင်းလှမ်းခဲသည်။

"မမ ကျွန်တော့်ကိုဘာလုပ်ခိုင်းမလို့"

"အမ်……အဲ့ဒါက …… အော်ဟုတ်ပြီ အငယ်လေး
HRကဖုန်းဆက်လာတာ သူတို့ဆီ စာမူတွေမှားပြီး
ရောက်လာလို့တဲ့ ငယ်လေး တချက်လောက်သွား
ယူပေးပါလား?"

"ဟုတ်ကဲ့"

ပြောလိုက်သည်နှင့် တက်တက်ကြွကြွအငယ်လေး
ကတော့ ဝှစ်ကနဲဌာနကနေ လစ်ထွက်သွားသည်။
Baekhyunပျောက်သွားတာနဲ့ Bossနှင့်
အငယ်လေး တွေ့ရရေးတာဝန်ခံလက်ထောက်အယ်ဒီ
တာ မမမှ အတွင်းရေးမှူးKimကို ဖုန်းဆက်ပြီး
အငယ်လေးရဲ့လမ်းကြောင်းကို အသိပေးပါတော့သည်။

Notice : We are in a relationship Wo Geschichten leben. Entdecke jetzt