Act 10 : Moon, his ex

7.9K 1K 112
                                    


အိမ်တံခါးကိုဖွင့်ဝင်လာပြီးဧည့်ခန်းကိုဖြတ်လျှောက်လာကာလေးပင်နေသောခြေလှမ်းများဖြင့် အိပ်ခန်းတွင်းသို့တံခါးလှည့်ဖွင့်ဝင်လိုက်သည်အချိန်ထိ Baekhyun ၏အိမ်လေးထဲတွင်တိတ်ဆိတ်မှုများသာရှိနေသည်။

အခန်းအလယ်မကျတကျတွင်ရှိသောအိပ်ရာကုတင်
ထက်တွင် မနက်က ကမျောသောပါးထခဲ့ရ၍ မခေါက်ခဲ့
နိုင်သောစောင်သည်အထွေးသားရှိနေ၏။

ကုတင်ဆီသို့ဦးတည်သွားလိုက်ပြီး ထိုင်ချကာ အပုံ
လိုက်တိုင်းရှိနေသည့်စောင်ထက်မျက်နှာအပ်ချလိုက်
သည်။ ထို့နောက်……

အကြိမ်ရေမရေထားမိပေမဲ့ Boss၏နှုတ်ခမ်းများက
သူ့နှုတ်ခမ်းသားကိုလာထိခတ်ချိန်မှာ အရင်အခေါက်တွေကလို ချိုမြိန်နူးညံ့ခြင်းတွေအပြည့်နှင့်။

နောက်သို့ယောင်ယမ်းခြေလှမ်းများဆုတ်မိပေမဲ့ ခါးကို
ဖမ်းဆွဲကာထိန်းထားလိုက်သည့်Bossလက်ကြောင့် Baekhyunခြေလှမ်းတွေဟာနောက်သို့မရောက်ခဲ့။

တဖန်လည်ပင်းကိုထိန်းကိုင်ထားပြီးသားလက်ဖဝါးက
ပါးပြင်ထက်ဆန်တက်လာပြီးခပ်ဖွဖွချော့မြူပွတ်
သပ်သည့်နောက် မျောပါမသွားသင့်တာသိသော်
လည်း Baekhyunခြေထောက်တွေယိုင်ကျလာပြီး Bossဘက်သို့လုံးလုံးလျားလျားမှီတွယ်မိကာ အနမ်းတွေပိုပိုနက်ရှိုင်းလာခဲ့သည့်အလျောက်

"အားးးးးးးး………………

ဖြစ်ခဲ့သည်များကိုပြန်ပြောင်းတွေးမိကာ စောင်ပေါ်
မျက်နှာမှောက်ချပြီးBaekhyunအသားကုန်အော်
လိုက်ပါတော့သည်။

အသံနှုန်းကမြင့်မားလှသော်လည်းစောင်အုပ်ထားသည့်
အရှိန်ဖြင့်အသံတွေလုံးကာထွက်လာသည်။ စောင်ထဲ
မျက်နှာအပ်ထားရာမှပြန်မော့လာသည့်အခါ Baekhyun မျက်နှာကငိုမဲ့မဲ့။

"ငါတော့သွားပါပြီ"

ယင်းအနမ်းပေါ်မျောပါသွားမိသည့်ကိုယ့်ကိုကိုယ်
ထပ်ကာထပ်ကာကျိန်ဆဲပါရင်း Baekhyun
တညလုံးစောင်ထက်မျက်နှာအပ်ကာ
အော်ဟစ်နေပါတော့လေသည်။

………………………………………

"ချစ်တယ် ကိုယ် Baekhyunကိုချစ်တယ်နော်"

Notice : We are in a relationship Donde viven las historias. Descúbrelo ahora