လှပတဲ့ ပန်းပင်လေးတွေ ဆီးကြိုနေတဲ့ ဥယျာဉ်လေး တစ်ခုထဲကို ကောင်လေးတစ်ယောက် ရောက်ရှိလာခဲ့သည်။
အရောင်အသွေးစုံညီလှတဲ့ ပန်းပွင့်ပေါင်းများစွာ
ဟိုဟိုဒီဒီ ကူးလူးပျံသန်းနေပြီး ဝတ်ရည်စုပ်နေတဲ့ လိပ်ပြာလေးတွေ…
စိမ်းစိုနေတဲ့ မြက်ခင်းတွေ
တေးသီကျူးနေတဲ့ ငှက်ငယ်များ
အရာအားလုံးဟာ ဒီပန်းဥယျာဉ်ကြီးကို လှပအောင် ပံ့ပိုးပေးထားသလို ဝင်လာသူတိုင်းကိုလည်း မပြန်ချင်အောင် စွဲဆောင်ထားနိုင်ခဲ့တယ်လေ။
" wow သာယာလိုက်တာ "
ပါးစပ်ကနေ ယောင်ပြီး ဝမ်းသာအားရအော်မိလိုက်တဲ့ အချိန်
"ဒီထဲကို ဘယ်လိုဝင်လာတာလဲ ဒီပန်းဥယျာဉ်က ကန့်သတ်နယ်မြေပါ အပန်းဖြေဥယျာဉ်မဟုတ်ဘူး"
အနောက်က လူကြီးတစ်ယောက်ရဲ့ အသံကို သူ ကြားလိုက်ရသည်။
ခပ်မာမာစကားသံနှင့်အတူ သူ့ကို သဘောမကျသည့်ပုံရိပ်တွေနဲ့ ကြည့်နေခဲ့သည့် လူကြီးတစ်ယောက်။
"sorry ကျနော် မသိလို့ပါဗျာ…ဥယျာဉ်လေးက အရမ်းကို သာယာပြီး ပန်းရနံ့တွေကလည်း အပြင်ထိသင်းပျံ့နေတော့ စိတ်မထိန်းနိုင်ပဲ သာမန်ပဲထင်လို့ ဝင်လာခဲ့မိတာ"
"အခု သိပြီမလား… ပြန်တော့"
အတင်းဆိုသလို ထိုလူကြီးက သူ့ရှေ့က ကောင်လေးကို ဥယျာဉ်ထဲက နှင်ထုတ်နေပြန်သည်။
ခုနက လူကြီးပြောလိုက်တဲ့စကားထဲက တစ်စုံတစ်ရာကို ကောင်လေးက သတိရသွားဟန်ဖြင့်
"ဒါက ကန့်သတ်နယ်မြေလို့ ပြောလိုက်တယ်နော်"
"ဟုတ်တယ်…ဒီတော့ ဘာဖြစ်လဲ… မင်းလုပ်ရမှာက အခုချက်ချင်း ဒီပန်းခြံထဲက ထွက်သွားဖို့ "
လူကြီးက ဘယ်လောက်ပဲနှင်ထုတ်နေပါစေ။
ကောင်လေးကတော့ လုံးဝဇွဲမလျော့သည့်ပုံစံနဲ့
"မဟုတ်မှလွဲရော …ဒီပန်းခြံက SKY HEAVEN လား"
ကောင်လေးရဲ့ အတင်းအကျပ်အမေးစကားအဆုံး တင်းမာနေတဲ့ လူကြီးရဲ့မျက်နှာဟာ သိသိသာသာ ပြေလျော့သွားခဲ့ပြီး သူ့ရှေ့က အသက်နှစ်ဆယ် ဝန်းကျင်သာရှိသေးပုံရတဲ့ ကောင်လေးကို အကဲခတ်လိုက်ရင်း
YOU ARE READING
RED TEAR ( Completed )
Fanfictionအတ္တဆိုတာ မီးတောက်တစ်ခုလိုပဲ ကိုယ်တိုင်လည်းပူလောင်နေရသလို တစ်ပါးသူကိုလည်း ကူးစက်စေတယ်...အဆုံးသတ်မှာ နှစ်ဦးနှစ်ဖက်လုံး ပျက်စီးကြရတာပါပဲ DIKA-CHANSOO VERSION