Do Kyung Soo Diary
~~~~~~~~~~~~~~ကျွန်တော်က သူများတွေလို ကိုယ့်ဘဝအကြောင်းကို စာအုပ်တွေထဲမှာ ရေးမှတ်ထားလေ့မရှိတဲ့သူတစ်ယောက်ပါ
ဒါပေမဲ့ သူ့ကို စတွေ့ပြီးတဲ့နေ့ကစလို့ သူနဲ့ပတ်သက်တဲ့ အကြောင်းအရာတိုင်းကို ဦးနှောက်နှင့် နှလုံးသားထဲသာမက
နောင်တစ်ချိန်အထိ အမြဲအမှတ်တရ ဖြစ်နေအောင်ဆိုပြီး စာအုပ်ထဲမှာ မှတ်တမ်း တင်ထားချင်မိခဲ့သည်။ဒါကြောင့်လည်း ဒီ Diary လေးကို ရေးဖို့ စိတ်ကူးရခဲ့မိတယ်။
ကျွန်တော့် Diary လေး ဖြစ်တည်လာခဲ့ခြင်းက ကျွန်တော် တိတ်တခိုး စွဲလမ်းခဲ့ရတဲ့ Kim Kai ဆိုတဲ့ ကောင်လေးကနေ အစပြုခဲ့မိခဲ့ခြင်းလို့ ဆိုရမည်ပဲ။
*********************************
ကျွန်တော်က အရမ်းကို ဖော်ရွေတတ်ပြီး ချစ်စရာကောင်းတဲ့ မျက်နှာလေးကို ပိုင်ဆိုင်ထားတယ်လို့ လူတိုင်းက ပြောကြတယ်
ပတ်ဝန်းကျင်နဲ့လည်း အလိုက်အထိုက် နေတတ်ပြီး လူတိုင်းနဲ့ လိုက်လျောညီထွေ ဆက်ဆံတတ်လို့ အသိမိတ်ဆွေ ပေါများပြီး လူချစ်လူခင်များတဲ့ ကောင်လေးတစ်ယောက်တဲ့။
ကျွန်တော့်မိဘတွေကိုတော့ ကျွန်တော့်အသက် 8 နှစ်လောက်တုန်းကပင် ကျနော့်အတွက် မွေးနေ့လက်ဆောင် သွားဝယ်ရင်းက Accident ကြောင့် ဆုံးရှူံးခဲ့ရတယ်
ယိုင်လဲနေစဖြစ်တဲ့ ကျနော့် Appa company ကိုတော့ Appa သူငယ်ချင်း ဆိုတဲ့ Sehun ရဲ့ မိဘတွေက အရင်လိုအခြေအနေ ပြန်ကောင်းမွန်လာအောင် ထူထောင်ပေးပြီး ကျွန်တော့်ကိုလည်း သူတို့အိမ်ကို ခေါ်သွားကာ သားအရင်းနဲ့မခြား ပြုစုစောင့်ရှောက်ပေးခဲ့တာကြောင့်သာ ကျနော် အခုချိန်ထိ အဆင်ပြေနေနိုင်ခဲ့တာပါ
ပြောရမယ်ဆို သူတို့က ကျနော့်ရဲ့ Second Family
Appa company က ရလာတဲ့ အမြတ်တွေကို ကျွန်တော့်အတွက် bank account သီးသန့် လုပ်ပြီး ထည့်ပေးထားတတ်တဲ့ Sehunရဲ့မိဘတွေဟာ ကျနော့်ကိုတော့ သူတို့သားအရင်းလိုပဲ စောင့်ရှောက်ပေးခဲ့ကြတယ်။
YOU ARE READING
RED TEAR ( Completed )
Hayran Kurguအတ္တဆိုတာ မီးတောက်တစ်ခုလိုပဲ ကိုယ်တိုင်လည်းပူလောင်နေရသလို တစ်ပါးသူကိုလည်း ကူးစက်စေတယ်...အဆုံးသတ်မှာ နှစ်ဦးနှစ်ဖက်လုံး ပျက်စီးကြရတာပါပဲ DIKA-CHANSOO VERSION