အောက်ထပ်က ခြေသံသဲ့သဲ့ကြားလိုက်ရသည်။
သူပြန်ရောက်လာပြီလား။အခန်းထဲက ထွက်လာပြီး အောက်ထပ်ကိုဆင်းလာတော့ အပေါ်ကို တက်လာမယ်လုပ်နေသော သူကလည်း ကျနော့်ကိုမြင်သွားကာ
"ဒီနေ့ ရောက်မလာတာက"
သူ ဘာကြောင့်ရောက်မလာခဲ့ခြင်းဆိုတာ သိထားပြီးသား အကြောင်းအရာတစ်ခုဖြစ်နေပြီးပြီပဲ ထပ်ပြီး သူ့ဆီက ထွက်ကျလာမဲ့ အလိမ်အညာတွေ နားထောင်ပေးရဦးမှာလား။
မင်းကစားချင်တိုင်းကစားခဲ့တာ Chanyeol တစ်ယောက်နဲ့တင် ကျေနပ်လိုက်ပါတော့ Do Kyung Soo.
"မင်းဘာကြောင့်ပဲ ရောက်မလာခဲ့ပါစေ ငါအခုကစပြီး မင်းရဲ့ဖြေရှင်းချက်တိုင်းအတွက် ဘယ်အရာမှ စိတ်မဝင်စားတော့ဘူး"
သူ ကျနော့်ကို မယုံနိုင်သေးဟန် ကြည့်နေသည်။
ပြောင်းလဲသွားခြင်းအတွက်လား။
အဲဒီအတွက်ဆိုရင် ကိုယ့်ကိုပဲ ပြန်မေးလိုက်ပါတော့
မင်းဘာတွေလုပ်နေခဲ့သလဲဆိုတာ။
"ဘာလို့ ရုတ်တရက်ကြီး ဒီလောက်ထိ အေးတိအေးစက် ဖြစ်သွားရတာလဲ…Kai ကို Dyo ဘယ်လောက်ထိချစ်လဲ Kai အသိဆုံးပဲ Kai စိတ်တိုင်းကျ တစ်ချိန်လုံး ရှိနေပေးတာပဲ …ဒီနေ့ ရောက်မလာခဲ့တာကလည်း"
"တော်စမ်းပါ…Do Kyung Soo …မင်းပြောတဲ့ စကားတွေကို ပြောနေတဲ့ မင်းကရှက်မရှက်တော့ မသိဘူး နားထောင်နေရတဲ့ ငါကတော့ ရှက်တယ် ... မင်းရဲ့စကားလုံးအနုအရွတွေအောက် အကြိမ်ကြိမ်ပြိုဆင်းခဲ့တဲ့ Kai က ဒီနေ့ပဲ မင်းသတ်လိုက်လို့ သေသွားပြီ"
" ငါ မင်းဆီကို ရောက်မလာခဲ့တာအတွက် ဒီလောက်ထိ စိတ်ဆိုးနေဖို့လိုလို့လား"
စိတ်ဆိုးနေဖို့တင်မကဘူး စိတ်နာသွားဖို့ အထိပါလိုအပ်နေတာ…ရောက်မလာခဲ့ခြင်းထက် ဘာကြောင့် ရောက်မလာခဲ့သည်ဆိုတာက ပိုဆိုးရွားနေတာ မသိလို့ ပြန်မေးနေတာလား…ဒါမှ မဟုတ် မသိချင်ယောင်ဆောင်နေတာများလား Do Kyung Soo။
ဆက်ပြီး သူ့မျက်နှာမြင်နေရတာ လတ်လတ်ဆတ်ဆတ်ရထားတဲ့ အနာပေါ်ထပ်ပြီး ဓားနဲ့အမွှန်းခံရသလိုပင်။
YOU ARE READING
RED TEAR ( Completed )
Fanfictionအတ္တဆိုတာ မီးတောက်တစ်ခုလိုပဲ ကိုယ်တိုင်လည်းပူလောင်နေရသလို တစ်ပါးသူကိုလည်း ကူးစက်စေတယ်...အဆုံးသတ်မှာ နှစ်ဦးနှစ်ဖက်လုံး ပျက်စီးကြရတာပါပဲ DIKA-CHANSOO VERSION