အရာအားလုံးပြီးဆုံးသွားခဲ့ပြီလား
မကုန်ခမ်းနိုင်သေးတာတော့ မျက်ရည်တွေ ပြီးတော့ သူ့ကိုချစ်နေဆဲ နှလုံးသား
ခြောက်ခြားဖွယ် အိပ်မက်ဆိုးတစ်ခု
ထားမသွားဘူး ကတိတွေပေးထားခဲ့သူပဲ
ဘာလို့များ ဒီအိပ်မက်ဆိုးကြီးထဲက ကျနော် ခုထိ မနိုးထနိုင်ရတာလဲ
ဒီပုံစံနဲ့ ကိုယ့်ဘဝထဲက မင်းထွက်ပြေးသွားခဲ့မယ်ဆိုတာသာ သိရင် ကိုယ်လက်ထပ်ခွင့်တောင်းခဲ့မှာ မဟုတ်ဘူး
မျက်ရည်စတွေကို မျက်တောင်တွေနှင့် ပုတ်ခတ်သိမ်းဆည်းရင်း ခြံတံခါးဝဆီ ခြေလှမ်းတွေတိုးကပ်လိုက်ချိန်
" ဝုန်း "
လမ်းလျှောက်ဖို့ မပြောနဲ့ မတ်တပ်တောင် မရပ်နိုင်တော့...
အားအင်ချိနဲ့နေတဲ့ ခြေထောက်အစုံက ကျနော့်ကို လမ်းမထက် ရပ်တည်နိုင်စွမ်း မပေးတော့ပဲ အောက်ကို ပြိုလဲကျစေခဲ့သည်။အားယူပြီးထနေပေမဲ့ ခန္ဓာကိုယ်မှာ အားအင်ဆိုတာ တစိုးတလေမျှ မရှိတော့အောင် ကုန်ခမ်းနေခဲ့ပြီ။
အထဲကို ၀င်ရမယ်လေ ..
ထစမ်းပါ Kim Kai .. သူ ရှိမနေရင်တောင် သူ့ရဲ့အငွေ့အသက်တွေ ပြည့်နှက်နေတဲ့ ဒီအိမ်ထဲကို မင်းရအောင် ၀င်ရမှာပေါ့
မျက်ရည်တွေနှင့် အံကြိတ်လိုက်ပြီး အားတင်းထလေ ပြုတ်ကျလေနဲ့ လူသာနာလာပြီး အခုထိ မထနိုင်သေး။
"မင်း ကောင်းကောင်းကျန်းမာသေးတာလည်း မဟုတ်ပဲ..ဖယ် ခြံသော့ကလည်း ငါ့ဆီမှာပဲ .. အထဲဝင်ချင်ပို့ပေးမယ်"
ပြောပြီး ကျနော့်အနား ရောက်လာတဲ့ Lay ကို လဲကျနေရာကနေ ဒီတိုင်း မလှူပ်မယှက် ကြည့်နေလိုက်သည်။
ဒီအခြေအနေတွေမှာ Lay ရော မပင်ပန်းဘူးလား
သူလည်း အရမ်းချစ်ရတဲ့ သူငယ်ချင်းကို ဆုံးရှုံးထားရတာပဲမလားကျနော်ကသာ သူတို့အပေါ်မှာ မကောင်းခဲ့တာ
သူတို့ကတော့ Kyung Soo ကြောင့်လားပဲ
YOU ARE READING
RED TEAR ( Completed )
Hayran Kurguအတ္တဆိုတာ မီးတောက်တစ်ခုလိုပဲ ကိုယ်တိုင်လည်းပူလောင်နေရသလို တစ်ပါးသူကိုလည်း ကူးစက်စေတယ်...အဆုံးသတ်မှာ နှစ်ဦးနှစ်ဖက်လုံး ပျက်စီးကြရတာပါပဲ DIKA-CHANSOO VERSION