"ဒေါက် ... ဒေါက် "
တံခါးအပြင်ကနေ လာခေါက်နေလို့ ဖွင့်ပေးလိုက်ရင်း" ပြော ဘာလုပ်မလို့လဲ "
" ထမင်းစားဖို့ ပြင်ပေးပြီးပြီ အဲဒါ လာခေါ်တာ ... အဝတ်တွေလျှော်ပြီးမှ ပြင်ဆင်ရတာဆိုတော့ နောက်ကျသွားလားဟင်"
" ရပါတယ် ... သိပ်မဆာသေးပါဘူး "
" ပြောတော့ နေ့လည်တည်းက ဘာမစားရသေးဘူးဆို အခု ညနေတောင် ရောက်နေပြီ "
" ရတယ် အောက်ကနေစောင့်နေ အခု ဆင်းလာခဲ့မယ် "
" Aww...Omm "
သူဆင်းသွားတော့မှ နောက်ကနေ လိုက်ဆင်းလာခဲ့လိုက်တယ်
ထမင်းစားနေတော့လည်း ကိုယ့်ထမင်းကို ကောင်းကောင်းမစားရဘူး ဘေးနားက မျက်နှာကြီးဖြီးပြီး ပြုံးကြည့်နေတာကြောင့်လေ
သူက အဲလိုကြည့်နေတော့ ဒီက စားနေရတဲ့လူက အနေရခက်ပြီ
" Do Kyung Soo မင်းက ငါ့ကို အခုလို စိုက်ကြည့်နေတော့ ငါထမင်းစား မဖြောင့်ဘူး "
မပြောဘူးလို့နေပေမဲ့ အကြည့်တွေက ရပ်မသွား
" sorry...miyanae ငါက မင်းငါချက်ကျွေးတာတွေကို မကောင်းဘူး မပြောလို့ သဘောကျသွားလို့ပါ မင်းစားနေတာလေးကလည်း ချစ်ဖို့ကောင်းလို့ "
" ဘာမှမကောင်း..."
စကားကို ဆက်မပြောတော့ပဲ ဒီတိုင်းပဲ နှုတ်ပိတ်နေလိုက်တော့တယ်
သူချက်ကျွေးတာတွေက အရသာရှိတယ်ဆိုပေမဲ့
ပါးစပ်က အကောင်းမပြောချင်လို့ ယောင်ထွက်သွားပြီးကာမှ Chanyeol တုန်းကလို ကျနော့်ကို အတ္တကြီးတဲ့သူဆိုပြီး ထားသွားမှာ စိုးရိမ်လာတာနဲ့ ဆက်မပြောမိတော့။" မကောင်းဘူးလား ... ငါကလည်းကွာ ဘာမှန်းမသိဘူး ဒါလေးတောင် အဖြစ်မရှိတဲ့ကောင်ပဲ ... နောက်ကျမှ စားဖိုမှူးသင်တန်းတက်ပြီး မင်း ကြိုက်တာလေးတွေ အကောင်းဆုံး ပြင်ပေးမယ် .... အခုတော့ ဒါလေးပဲ သည်းခံပြီးစားပေးနော် "
မျက်နှာငယ်လေးနဲ့ လူကို လေချိုသွေးပြနေပြန်ပြီ
ဘာမှပြန်မပြောတော့ပဲ ဒီတိုင်းစားစရာရှိတာ ဆက်စားပြီး အပေါ်ကို ပြန်တက်လာခဲ့လိုက်တော့သသည်။
YOU ARE READING
RED TEAR ( Completed )
Fanfictionအတ္တဆိုတာ မီးတောက်တစ်ခုလိုပဲ ကိုယ်တိုင်လည်းပူလောင်နေရသလို တစ်ပါးသူကိုလည်း ကူးစက်စေတယ်...အဆုံးသတ်မှာ နှစ်ဦးနှစ်ဖက်လုံး ပျက်စီးကြရတာပါပဲ DIKA-CHANSOO VERSION