နောက်ရက်တွေမှာ သူက ကျွန်တော့်ကို မြို့ပြင်ကို ခေါ်သွားခဲ့တယ်...
အစကတော့ ဘာလို့ သူ ဒီနေရာကို ခေါ်လာခဲ့လည်း မသိဘူး ...
နောက်မှ သိရတာ လူမရှိတဲ့ နေရာကို ခေါ်လာခဲ့တာ ...
ကျွန်တော့်ကို လူတွေ ဝိုင်းကြည့်မှာစိုးလို့တဲ့
သူက ဘယ်လောက်ပဲ ခေါင်းမာနေပါစေ
ကျွန်တော်ချွဲပြလိုက်ရင် ချက်ချင်းပျော့ကျသွားတတ်တဲ့သူမျိုးလေ
ဒါနဲ့ ကစားကွင်းကိုသွားဖို့ မနည်းချွဲပြလိုက်ရတယ်
သူကပြောတယ် ကျွန်တော့် အနမ်းတွေက သူ့အတွက် အချိုမြိန်ဆုံးတဲ့ ...
ကျွန်တော့်အတွက်လည်း သူ့ရဲ့အနမ်းတွေက အချိုမြိန်ဆုံးပါပဲ
ပျော်ရွှင်မှုတွေရဲ့နောက်မှာ ဝမ်းနည်းစရာ အဖြစ်အပျက်တွေ ဆီးကြိုနေတတ်တာ လောကကြီးရဲ့ ဖြစ်ရိုးဖြစ်စဉ်တစ်ခုလား
ကစားကွင်းထဲမှာ အပျော်တွေ အပြည့်အဝ မခံစားလိုက်ရသေးဘူး ပြဿနာတက်ရပြီ...
သူက ကျွန်တော် အရမ်းစီးချင်ပါတယ်ဆိုတဲ့ ပြိုင်ကားကို အစီးမခံပဲ
သူစီးချင်တဲ့ ပင်လယ်ဓားပြကို သွားစီးတယ်...
ဒါတွေစီးရင် နှလုံးတုန်ပြီး မူးနောက်အော့အန်တတ်လို့ အကြောက်အကန် ငြင်းနေပေမဲ့လည်း သူ့ကို ချစ်လွန်းတော့ သူ့အလိုကို လိုက်ပြီး စီးပေးခဲ့ရတယ် ...
ထင်တဲ့အတိုင်းပင် အောက်ကို ရောက်တော့ အန်ပြီ ... သူက ကျွန်တော့်ကို ပျော့ညံ့တယ်ဆိုပြီး အလိုမကျတဲ့ မျက်လုံးတွေနဲ့ ကြည့်ပြီး ပြောလာတယ်
သူပါးစပ်က ဒီလိုစကားတွေ ကြားရတိုင်း ကျွန်တော် သေမတတ်ကြောက်တယ်...
သူကျွန်တော့်ကို စိတ်ပျက်သွားမှာ စိတ်ကုန်သွားမှာ စွန့်ပစ်သွားမှာ အတွေးနဲ့တောင် ရင်မောတယ်
ပြဿနာတစ်ခုမှမပြီးသေးဘူး SHOPPIN MALL ထဲဝင်လာပြန်တော့လည်း ပြဿနာထပ်ဖြစ်ရပြန်ပြီ
သူက သူကြိုက်တာတွေပဲ ဝယ်ပြီး ကျွန်တော့်ကိုလည်း
သူကြိုက်တာတွေပဲ ကြိုက်ရမယ်တဲ့ ...
YOU ARE READING
RED TEAR ( Completed )
Fanfictionအတ္တဆိုတာ မီးတောက်တစ်ခုလိုပဲ ကိုယ်တိုင်လည်းပူလောင်နေရသလို တစ်ပါးသူကိုလည်း ကူးစက်စေတယ်...အဆုံးသတ်မှာ နှစ်ဦးနှစ်ဖက်လုံး ပျက်စီးကြရတာပါပဲ DIKA-CHANSOO VERSION