အစီအရီ စာအုပ်တွေ စီထပ်ထားသည့် စာအုပ်စင်
ဘေးနားက မီးအိမ်အလတ်စားတစ်လုံး
စာကြည့်စားပွဲတစ်လုံး
စားပွဲပေါ်မှာတော့ ပန်းရောင်စာအုပ်တစ်အုပ်
ပိုင်ရှင်မဲ့ စာကြည့်ခန်း နှင့် ဖတ်သူမဲ့ စာအုပ်များက သခင်ကို စောင့်စားနေသည့်အလား
ဒီအိမ်ရဲ့ ဘယ်နေရာရောက်ရောက် မင်းသူ့ကို အမြဲတမ်းတနေတာပဲလား Kai
အမှတ်မရှိသည့် နှလုံးသားကလွမ်းဆွတ်မှူများကို ဦးနှောက်က လျစ်လျူရှူရင်း စားပွဲပေါ်က ပန်းရောင်စာအုပ်ကို ကောက်ယူကြည့်လိုက်သည့်အခါ
To Kai
ဆိုသည့် စာတစ်ကြောင်းသာ စာမျက်နှာဖုံးထက် နေရာယူလျက်
အတွင်းထဲက စာမျက်နှာများတွင်တော့
~~~~~~~~~~~~~~~~~~~~~~~
တွေ့ဆုံခြင်း
*********မင်းမေးခဲ့ဖူးတဲ့ ကိုယ်မင်းကို စသိခဲ့တဲ့နေ့အကြောင်း။
ကိုယ့်မိဘတွေဆုံးသွားပြီး တစ်လလုံးလုံး အထီးကျန်နေတဲ့
ကိုယ့်အတွက် စိတ်ပျက်စရာ February 14 ဆိုတဲ့ Valentine Dayမင်းတို့ကစားခဲ့ကြတဲ့ အားကစားရုံကြီးရဲ့ အပေါ်ဆုံးထပ်မှာ ကိုယ်ရပ်နေခဲ့တယ်
အားပေးဖို့လည်း မဟုတ်သလို ပွဲလာကြည့်သူလည်း မဟုတ်ဘူး
ကောင်းကင်ဘုံက ကိုယ့်မိဘတွေဆီကို သွားတွေ့ဖို့အတွက်ပေါ့
ကိုယ့်မိဘတွေဆီသွားဖို့ ကိုယ်အသင့်ဖြစ်နေတဲ့အချိန်
ကိုယ်ခုန်ဆင်းမဲ့ ကွင်းပြင်ထဲ အောင်နိုင်မှူအတွက် ပျော်မြူးနေတဲ့ မင်းကို စတွေ့ခဲ့တယ်
အဲဒီတစ်ခဏအတွင်းမှာပဲ
အောက်ကို ခုန်ချလိုက်လို့ တစ်စစီဖြစ်သွားမလား
သွေးတွေယိုစီးကျပြီး မရှူမလှသေဆုံးသွားရမလား
မှန်းဆမရတဲ့ နာကျင်မှူတွေ ခံစားပြီး သေပွဲဝင်ရမလား
YOU ARE READING
RED TEAR ( Completed )
Fanfictionအတ္တဆိုတာ မီးတောက်တစ်ခုလိုပဲ ကိုယ်တိုင်လည်းပူလောင်နေရသလို တစ်ပါးသူကိုလည်း ကူးစက်စေတယ်...အဆုံးသတ်မှာ နှစ်ဦးနှစ်ဖက်လုံး ပျက်စီးကြရတာပါပဲ DIKA-CHANSOO VERSION