ဓားနှင့် ခုတ်ပိုင်းခံထားရလို့ အစိတ်စိတ်အမွှာမွှာ ဖြစ်နေတဲ့ သူ့ဝက်ဝံရုပ်ကြီးရဲ့ အပိုင်းအစတွေကို ကောက်ကိုင်ရင်း ကျနော့်ကို အပြစ်တင်သလို စူးစိုက်ကြည့်နေသူ
"ငါ့အမြင်တော့ မင်းအရုပ်နဲ့ အချိန်ဖြုန်းနေရမဲ့ အရွယ်မဟုတ်တော့ဘူးမလား"
"ငါ့မှာ ရင်ဖွင့်စရာဆိုလို့ သူပဲရှိတာပါ ဘယ်သူမှ နားမထောင်ချင်တဲ့ ငါ့အကြောင်းတွေ အမြဲနားထောင်ပေးတတ်တဲ့သူ..သူက မင်းကို ဘာလုပ်နေလို့လဲ"
" နားငြီးလိုက်တာ အခုချက်ချင်း မင်းမျက်ရည်တွေကို သုတ်လိုက်... ဒီအရုပ် မရှိတော့တာ ငိုစရာလား...ဘာလို့ အသက်မရှိတဲ့အရုပ်ကို လူတစ်ယောက်သတ်ထားသလို လာပြောနေတာလဲ"
အစထဲက ငါဒီလိုလုပ်တာ မမြင်ချင်ရင် မင်းအနေအထိုင် ဆင်ခြင်သင့်တာ မဟုတ်ဘူးလား
အခုတော့ ဖြစ်ပျက်နေတာ အရုပ်တစ်ရုပ်ပျက်စီးတာနဲ့မတူပဲ လူတစ်ယောက်သေသွားသလို အသုဘလာငိုနေတဲ့ မျက်နှာနဲ့ ကျက်သရေကို မရှိဘူး
" မင်းအမြင်တော့ သူက အရုပ်ပေါ့ ..အရုပ်ဆိုပေမဲ့ ငါဘယ်တုန်းကမှ အရုပ်လို့ သဘောမထားခဲ့ဖူးဘူး ...ဒါက လွန်ခဲ့တဲ့ဆယ်နှစ်က ငါ့မိဘတွေဆီက ငါနောက်ဆုံးရခဲ့တဲ့ မွေးနေ့လက်ဆောင်ပဲ..သူတို့အစား ငါ့ဘေးရှိနေပေးတဲ့ တစ်ခုတည်းသော ကိုယ်ပွား.. မင်းအရမ်းရက်စက်တယ် ... အမြဲတမ်း ငါ့ဘက်ကို ပြန်ကြည့်မပေးဘူး မင်းဖြစ်ချင်တာတွေကို မင်းလုပ်ချင်သလို လုပ်တယ်"
သူ့မိဘတွေပေးထားတဲ့ မွေးနေ့လက်ဆောင်တဲ့လား
ဒီတိုင်း Sehun နှင့် Lay တစ်ယောက်ယောက် ၀ယ်ပေးထားတယ် ထင်ခဲ့မိလို့
အရုပ်အပိုင်းအစတွေကို ကောက်ယူနေပြီး အော်ဟစ် ငိုကြွေးနေသည့် သူ့ကို ဘယ်ကစပြီး နှစ်သိမ့်ရမည်မသိသည့် အဆုံး
" တော်တော့ကွာ တိတ်တော့ "
" ဘာလို့လဲ ငါ့ကို မုန်းတာနဲ့ပဲ ဒီအရုပ်ကို ဒီလောက်ထိ လုပ်ဖို့ လိုအပ်လို့လား "
YOU ARE READING
RED TEAR ( Completed )
Fanfictionအတ္တဆိုတာ မီးတောက်တစ်ခုလိုပဲ ကိုယ်တိုင်လည်းပူလောင်နေရသလို တစ်ပါးသူကိုလည်း ကူးစက်စေတယ်...အဆုံးသတ်မှာ နှစ်ဦးနှစ်ဖက်လုံး ပျက်စီးကြရတာပါပဲ DIKA-CHANSOO VERSION