ရင်းနှီးနေကျ ဖုန်းမြည်သံ
သူ့အတွက်သီးသန့်ထားတဲ့ သီချင်းသံစဉ် နားထဲဝင်လာတိုင်း ရင်ဘတ်ထဲက ပိုပိုတိုးလို့စူးအောင့်လာသည်။
မကိုင်ပဲ ဒီတိုင်းပဲ စိုက်ကြည့်နေလိုက်သည်။
တော်တော်နဲ့ ဖုန်းမြည်သံကရပ်မသွား။
နောက်တော့ မကိုင်မှန်းသိလို့ ထင်ပါတယ် ထပ်မဆက်တော့။
အစထဲက မဆုံတွေ့ခဲ့ကြရင်ကောင်းသား။
သူ့ဆီကမဟုတ်ပဲ အချက်ပေးလာသည့် Ringtoneသံကြောင့် ဖုန်း screenကို ကောက်ကြည့်လိုက်တော့ Sakuraဆီက ဖြစ်နေခဲ့သည်။
Sakura နှင့် စကားပြောချင်စိတ် မရှိပေမဲ့ အခုချိန်မှာ ရင်ထဲက မွန်းကျပ်နေတာရော ကိုယ့်ခံစားချက်တွေကို ရင်ဖွင့်ခွင့်ရနိုင်မဲ့ စကားပြောဖော်တစ်ယောက်လိုအပ်သည် ထင်တာနဲ့ ကိုင်လိုက်သည်။
ကျနော့်ထက် အသက်ငယ်ပေမဲ့ ပိုပြီးရင့်ကျက်တဲ့သူမက အနည်းဆုံးစိတ်သက်သာစေမဲ့ ထွက်ပေါက်တစ်ခုတော့ ရှာဖွေပေးနိုင်မည် မျှော်လင့်မိသည်။
"Chanyeol oppa...အခုဘယ်မှာလဲ ကျောင်းမှာ မတွေ့လို့"
ဟုတ်ပါရဲ့ ကျနော်အခုဘယ်နေရာကို ရောက်နေတာပါလိမ့်။
လမ်းရှိသရွေ့မောင်းလာခဲ့တာ။
တောင်ထိပ်တစ်ခုတော့ တောင်ထိပ်တစ်ခုပဲ။
တစ်မြို့လုံးလည်း လှမ်းမြင်နေရတယ်။
စိတ်တွေ ကစဥ့်ကလျားဖြစ်နေလို့ ကိုယ်ရောက်နေတဲ့နေရာ ကိုယ်တောင်မသိတော့။
"Sakura...ကိုယ် အခုရောက်နေတဲ့နေရာကို ပုံရိုက်ပို့လိုက်မယ်...အခုချက်ချင်းလာခဲ့ပေးပါ"
"အခုက ဘယ်ရောက်နေလို့လဲ"
"မသိဘူး ဘယ်နေရာကို ရောက်နေတာလဲ ...မသိဘူး... သိလည်းမသိချင်ဘူး"
"အခုပို့လိုက်နော် ချက်ချင်းလာခဲ့မယ်"
သူမ ပြောပြီးဖုန်းချသွားတော့ မြင်နေရတဲ့ ပတ်ဝန်းကျင်ကို ဓာတ်ပုံရိုက်လိုက်ပြီး သူမဆီ ပို့လိုက်ကာ မျက်လုံးတွေမှိတ်ချထားလိုက်သည်။
YOU ARE READING
RED TEAR ( Completed )
Fanfictionအတ္တဆိုတာ မီးတောက်တစ်ခုလိုပဲ ကိုယ်တိုင်လည်းပူလောင်နေရသလို တစ်ပါးသူကိုလည်း ကူးစက်စေတယ်...အဆုံးသတ်မှာ နှစ်ဦးနှစ်ဖက်လုံး ပျက်စီးကြရတာပါပဲ DIKA-CHANSOO VERSION