Seoul ကို ရောက်တာနဲ့ အရင်ဆုံး ပြေးလာခဲ့မိတာ သူနဲ့ ကျွန်တော့်ရဲ့ အချစ်အိမ်လေးဆီကို
သူသာ ကျွန်တော့်ကို တွေ့လိုက်ရရင် အရမ်းပျော်သွားမှာပဲ အိမ်ထဲကနေ ပြေးပြီး လာဖက်မှာ မြင်ယောင်ပါသေးတယ်
ဒါပေမဲ့ အိမ်လေးကို ရောက်လာတဲ့အခါမှာတော့ ခြံတံခါးပေါ်က သော့ခလောက်အိမ်လေးကသာ ကျနော့်ကို လှမ်းကြိုနေခဲ့ပြီး သူကတော့ အိမ်မှာရှိမနေခဲ့ပါ
ဟုတ်သားပဲ အပျော်လွန်ပြီး မေ့နေလိုက်တာ
ဒီအချိန်ဆို ကျောင်းသွားနေမှာပေါ့ကျောင်းဝန်းထဲကို ရောက်လာတာနဲ့ အရင်ဆုံး အတန်းထဲ မဝင်သေးပဲ မှန်တံခါးရှေ့သွားရပ်လိုက်ကာ ကိုယ့်ပုံစံ ပြန်ကြည့်မိသည်။
မပြုပြင်တာ ကြာပြီဖြစ်တဲ့ ဆံပင်တွေကို ဒီကို ပြန်မလာခင်က ဆိုင်မှာသွားညှပ်ထားတာကြောင့် ပုံစံတကျရှိနေသည်။
ကျန်းမာရေးအခြေအနေကြောင့် ဆိုးဝါးနေတဲ့ မျက်နှာကို အလှပြင်ပစ္စည်းတွေရဲ့ အကူအညီနဲ့ မသိသာအောင် ဖုံးထားတာ ပိရိရဲ့လားမသိ
အတန်းထဲဝင်လာတော့ Dyo ရှိမနေ...
Lay ကို မေးမလို့ ကြည့်တော့ Lay ကလည်းမရှိ
အတန်းထဲကလူတွေကလည်း ကျနော်ဝင်လာတာကို မမြင်ဖူးတဲ့လူလို ကြည့်နေကြသည်။
အထူးအဆန်းကျောက်ရုပ်ကြီးတွေလို ကြည့်နေကြတော့ လူက ဘယ်လိုနေလို့ နေရမှန်းမသိ ဖြစ်လာသည်။
မထူးပါဘူး မေးကြည့်တာအကောင်းဆုံးပဲ
"Kyung Soo ကျောင်းမလာဘူးလား "
တစ်ယောက်မှ ပြန်ဖြေသံထွက်မလာ
" မေးနေရင် ပြန်ဖြေမှပေါ့"
ဒေါသတကြီး အော်လိုက်တော့မှ ကောင်လေးတစ်ယောက်က မျက်နှာငယ်လေးနဲ့ ထလာပြီး
"သူ့ ဆီကို ပြန်လာတာလား သူ့ကို ပြန် မှတ်မိလာပြီလား "
ဆိုပြီးမေးလာနဲ့
" အင်း .. သူဘယ်မှာလဲ "
" သူမင်းကို စောင့်နေပါတယ် "
YOU ARE READING
RED TEAR ( Completed )
Fanfictionအတ္တဆိုတာ မီးတောက်တစ်ခုလိုပဲ ကိုယ်တိုင်လည်းပူလောင်နေရသလို တစ်ပါးသူကိုလည်း ကူးစက်စေတယ်...အဆုံးသတ်မှာ နှစ်ဦးနှစ်ဖက်လုံး ပျက်စီးကြရတာပါပဲ DIKA-CHANSOO VERSION