14

521 47 3
                                    

ကျနော်အိမ်ကိုပြန်ရောက်လာတော့

ဧည့်ခန်းထဲက Sofa ပေါ်မှာ တရှုံ့ရှုံ့ငိုနေတဲ့ Dyoကို တွေ့လိုက်ရတယ်။

"ဘာလို့ငိုနေတာလဲ"

မေးလိုက်တော့မှ သူက ကျနော့်ကို မြင်သွားပြီးတော့ ချက်ချင်း ရင်ခွင်ထဲကို ပြေးဝင်လာကာ

"အိပ်ယာထတော့ Kai မရှိတော့လို့ အရမ်းလန့်သွားတာ … Dyoကို စိတ်ဆိုးပြီး ထားသွားပြီ ထင်လို့"

"ဒါကြောင့်ငိုနေတာလား ကိုယ့်ရဲ့ Dyoလေးက"

မျက်ရည်တွေ သုတ်ပြီး သူက ကလေးလေးလိုပဲ ခေါင်းညိမ့်ပြနေသည်။

"အဲဒီအတွက်တော့ ဘယ်တော့မှ စိတ်မပူနဲ့ ...ကိုယ်က Dyoကို ထားပြီး ဘယ်ကိုမှ ထွက်သွားမှာ မဟုတ်လို့ပဲ"

"တစ်ကယ်လား"

"တစ်ကယ်ပေါ့ ...ဒါနဲ့ မနက်ထဲက ငိုနေတာဆိုတော့ အခုထိ ဘာမစားရသေးဘူးမလား"

"မစားရသေးဘူး .....အခုပဲ breakfast ပြင်လိုက်မယ် ခဏစောင့်"

သူက မီးဖိုခန်း သွားမယ်လုပ်တော့ လှမ်းဆွဲတားလိုက်ကာ

"ဒီနေ့ မနက်စာကို ကိုယ်ပြင်ပေးမယ်"

ဒီနေ့သူ့ကို အရင်နေ့တွေကထက် ပိုပြီး ချိုချိုသာသာဆက်ဆံပေးသလို အခုလည်း မနက်စာကို ကိုယ်တိုင် ပြင်ပေးမယ်ပြောလို့လားမသိ အထူးအဆန်း ကြည့်နေလေသည်။

"Kaiက ဘာလုပ်တတ်လို့လဲ"

ကြည့်ပါဦး…ကျနော့် Dyoက ကျနော့်ကို အထင်သေးနေလိုက်တာ။

"ကိုယ်လား အသင့်စား ခေါက်ဆွဲထုပ်လောက်တော့ ကောင်းကောင်း ပြုတ်တတ်ပါတယ်"

ဆိုပြီးပြောလိုက်တော့ သဘောကျပြီး ရယ်နေလိုက်တာများ ဘယ်လို ချစ်ဖို့ ကောင်းလို့ကောင်းမှန်းမသိ။

"ဒါကတော့ လူတိုင်းလုပ်တတ်တယ်"

"လူတိုင်းလုပ်တတ်ပေမဲ့ ကိုယ်က လူတိုင်းကို အခုလိုလုပ်ကျွေးတယ် ထင်နေလား ...ကိုယ့်ကိုတောင် ပြုတ်မစားဘူး …ယောင်လို့တောင် မီးဖိုထဲ မဝင်ဘူး"

"ဒါဆို အခုကရော "

"Dyoကို ကိုယ်တိုင်လုပ်ကျွေးတာ စားစေချင်လို့ပေါ့...
ဒီထက်အရသာရှိတာတွေ လုပ်ကျွေးချင်ပေမဲ့ ကိုယ်က
ခေါက်ဆွဲပဲ ကောင်းကောင်းပြုတ်တတ်တာ"

RED TEAR ( Completed )Where stories live. Discover now