Part 7

3.8K 306 2
                                        

Baek:ဟင်!!!.....
မင်းဘယ်သူလဲ?..ဘာလို့ငါ့အခန်းထဲကိုရောက်နေတာလဲ?ဘယ်လိုဝင်လာတာလဲ?.......

Chan:မင်းမေးခွန်းတွေက များလှချည်လား ဖြေးဖြေးပေါ့.....

"ဖြည်းဖြည်းပေါ့"ဟု Baekhyun ရဲ့နားနားကိုကပ်ကာ လေသံ တိုးတိုးဖြင့် ပြောလိုက်သောသူ....

Baekhyun ရင်ထဲမှာ ဂနာမငြိမ် ဖြစ်နေသည်ကို လျစ်လျူရှုရင်း....

Baek:ငါမင်းကို သိသလိုပဲ.....အာ..
မင်း Park Chanyeol မဟုတ်လား..

Chan:မင်းကိုယ့်နာမည်ကိုမှတ်မိတယ်ပေါ့....ဟား...အဲ့ဒီခံစားချက်ကကောင်းလိုက်တာ...

Baek:ဘာတေပြောနေတာလဲ?...ငါမေးတာကိုဖြေစမ်းပါဦး... မင်းငါ့အခန်းထဲကို ဘယ်လိုဝင်လာတာလဲ?...ဘာလုပ်ဖို့လဲ.....

Chan:အဲ့ဒီမေးခွန်းတွေကိုဖြေဖို့စောနေသေးတယ် Baek!

Baek:ဟင်! မင်းငါ့ကိုဘယ်လိုခေါ်လိုက်တာ??...

Chan:Baek!
Baek လို့ခေါ်တာလေ...

ကျနော့်နား နားကိုထပ်ကပ်ပီး Baek ဟု အသံ သြသြဖြင့်ပြောနေတဲ့သူ...
သူအဲ့လိုပြောနေတာ ရင်ထဲမှာဘယ်လိုကြီးလဲ မသိဘူး....မီးလုံးလေးတေ မှိတ်တုတ်မှိတ်တုတ်နဲ့လင်းနေသလို ဘယ်ဘက်တနေရာက ရှိန်းတိန်းတိန်း ဖြစ်နေတာကို ကျနော်ခံစားမိနေတယ်....အဲ့တာဘာဖြစ်တာလဲ?...

Baekhyun သူ့ကိုယ်သူမေးခွန်းထုတ်နေမိသည်....

Chan:Hey!..ကိုယ့်ကိုဘာလို့စိုက်ကြည့်နေတာလဲ Babe!....

Chanyeol ပြောလိုက်မှ သတိဝင်လာကာ..

Baek:မင်းငါ့ကိုဘယ်လိုတေခေါ်နေတာလဲ Park Chanyeol?....

Chan:Babe Baek......

Chanyeol က သူခေါ်ခဲ့တဲ့နမ်စားနှစ်ခုကို မျက်ခုံးပင့်ကာ ပြန်ပြောသည်...

Baek:အဲ့လိုခေါ်ရအောင် ငါကမိန်းကလေးမဟုတ်ဘူး Park Chanyeol....

Chan:မိန်းကလေး ယောကျာင်္လေးဆိုတာ လူတေသတ်မှတ်ထားတဲ့ အခြေအမြစ်မရှိတဲ့ စည်းတခုပဲ....ကိုယ်သဘောကျရင် ကျသလို ကြိုက်သလိုခေါ်လို့ရတာပဲ....

Baek:ဘယ်လို? သဘောကျရင်? အဲ့ဒါဘာစကားလဲ...မဟုတ်မှလွဲရော မင်းငါ့ကိုသဘောကျနေတာလား....

ထူးဆန်းသော ရှင်သန်ခြင်း (Completed)Место, где живут истории. Откройте их для себя