Baekhyun က Chanyeol ရဲ့ ရင်ခွင်ထဲမှာ မှီနေရင်း တောင်ကုန်းအမြင့်လေးပေါ်ကနေ Busan မြို့ရဲ့ အေးချမ်းတဲ့ ည အလှကို ခံစားနေကြတယ်......
Baek:Chan ah မင်းမှာတခုခု အဆင်မပြေဖစ်နေတာတွေ ဘာတွေ ရှိနေလား မင်းပုံက အခုတလော အရင်ကနဲ့မတူဘူး.....
တိတ်ဆိတ်နေတဲ့ အခြေအနေကို Baekhyun ကပဲ စပြီး ဖြိုခွဲလိုက်တယ်......
Chan:ကိုယ် ဘာမှမဖြစ်ပါဘူး ..... ဒါပေမယ့် အခုတလော စိတ်တေလေးနေတယ်....တခုခုဖြစ်တော့မလို ခံစားနေမိတယ်.....
Baek:ဟ ဟ ဖြစ်တော့ရော မင်းက ဘာကြောက်စရာလိုလို့တုန်း Chan ရယ်.....
Baekhyun က ပေါ့ပါးစွာ ရယ်ရင်းပြောလိုက်သည် ကို Chanyeol ငေးကြည့်နေမိတယ်....
Chan:ကိုယ် မကြောက်ဘူး Babe....ဒါပေမယ့် တခုပဲ Babe အနားမှာ မရှိနိုင်တော့မှာကိုတော့ စိုးရိမ်တယ်......
Baek:အာ......Chan ကလည်း ဘာတွေပြောနေတာလဲ.....သေကွဲကွဲတာတေဘာလား အဲ့လို ပေါက်ကရတေလျောက်တွေးမနေနဲ့နော်....မင်းမသေနိုင်ပါဘူး.....
Baekhyun က Chanyeol ဘက်ကို လှည့်လာပြီး မျက်နှာချင်းဆိုင် အနေအထားနဲ့ ပြောလိုက်တယ်.....
Baekhyun စကားရဲ့ အဖျားသတ်ကတော့ တုန်ယင်နေသယောင်......
Chan:ကိုယ်ပြောတာ အဲ့လို ပုံမဟုတ်ပေမယ့် မဖြစ်နိုင်ဘူးဆိုတာမျိုးက လောက မှာ မရှိဘူး Babe.....ထားပါ....Babe ဘာမှ တွေးမပူပါနဲ့....
Chanyeol က Baekhyun ရဲ့ ဆံပင်လေးကို သပ်ပေးရင်း ပြုံးပြီးပြောလိုက်တော့.....Baekhyun က Chanyeol ရဲ့ လည်ပင်းကို လှမ်းပြီး သိုင်းဖက်လိုက်ရင်း Chanyeol ရဲ့ နှုတ်ခမ်းတွေကို ဖွဖွလေး စုပ်နမ်းနေသည်.....
Chanyeol ကလည်း အနမ်းတွေကို အငမ်းမရတုန့်ပြန်ရင်း ဦးဆောင်သူအဖြစ်ပြောင်းလဲကာ......အရမ်းလှပတဲ့ တောင်ကုန်းပေါ်က ပန်းချီကားလေး တချပ်ကိုပုံဖေါ်နေခဲ့ကြတယ်.......
>>>>>>>>
Suho:Chanyeol မင်းပြန်မသွားသင့်တော့ဘူး.....အရမ်းအခက်တွေ့လိမ့်မယ်....သူတို့ဘက်က အင်အားအရမ်းများတယ်လို့ ကြားထားတယ်....မင်းတယောက်တည်းရှိတဲ့ အချိန်မျိုးမှာဆို မင်း ထာဝရ ပျောက်ကွယ်သွားဖို့ 88.88% လောက် အခြေအနေရှိတယ်....
ESTÁS LEYENDO
ထူးဆန်းသော ရှင်သန်ခြင်း (Completed)
Misterio / SuspensoBaek: သူတို့ကဘာလို့ ညဘက်မှ ကျောင်းတက်ကြတာလဲ...... ~Super Natural~ ChanBaek Yaoi Covered photo by LenCo Graphics
