**Part 13**

3.9K 259 3
                                        

🚨🚨🚨Warning 🚨🚨🚨
(နဲနဲ ကြမ်းမှာမို့ Warning ​ပေးပါတယ်​ အသဲတို့​ရေ.....)

Baekhyun တစ်ယောက်တည်း စာအုပ်ဆိုင်လေးတစ်ဆိုင်ကိုလာရင်း မနေ့ကအရမ်းဖတ်ချင်နေတဲ့စာအုပ်လေးကိုရှာနေတယ်.....

Baek:တွေ့ပီ....ဒီစာအုပ်ပဲ...

လိုချင်တဲ့စာအုပ်လေးကို ရှာတွေ့သွားတာကြောင့် ဝယ်ပြီး အိမ်ကိုပဲ ပြန်လာခဲ့တယ်.....

Baek's pov:Chan ကို မနက်ထဲက မတွေ့တာ.....ဘာများဖြစ်နေပါလိမ့်....

အိမ်ကိုပြန်ရောက်တော့ ခနနားပြီး စာကြည့်စားပွဲမှာထိုင်ရင်း Chanyeol အကြောင်းကိုတွေးနေမိတယ်.....

Baek:စာအုပ်လေးဖတ်ဦးမယ်....

Baekhyun တယောက်တည်းအခန်းထဲမှာ တိတ်ဆိတ်စွာထိုင်ရင်း စာအုပ်ကို စိတ်ဝင်တစားဖတ်နေမိတယ်....

Baek:တချို့စာသားတွေက Chan ပြောခဲ့တာတွေနဲ့တူနေတာပဲ....ဒါဆို C..Chan က တကယ်လူသားမဟုတ်ဖူးပေါ့....

ဘာကိုမှမကြောက်တတ်တာမှန်ပေမယ့် ကိုယ်နဲ့အနီးဆုံးမှာရှိနေတဲ့ ကိုယ်ချစ်ရတဲ့ လူတယောက်က လူသားမဟုတ်တဲ့လူသားတစ်ဦးလို့ သိလိုက်ရတော့ စိတ်ထဲမှာ အနည်းငယ်တော့တုန်လှုပ်သွားသည်....

Chan:အခု....ကိုယ့်ကိုကြောက်နေတာလား....

Baek:အမလေး......လန့်လိုက်တာ....

အတွေးနယ်ချဲ့နေတုန်းမှာ ရုတ်တရက်ကြားလိုက်ရတဲ့ အသံခပ်သြသြကြောင့် ဖျက်ကနဲပင်တုန်သွားသည်.....

Chan:ဟုတ်တယ်....Babe ကိုယ့်ကိုကြောက်နေပီ.....

ခပ်တွေတွေလေးပြောလိုက်တဲ့ Chanyeol ရဲ့စကားကြောင့် Baekhyun ပြုံးလိုက်မိတယ်.....

Baek:ဒီစာအုပ်ထဲက တချို့စာတွေက မှားနေတယ်ထင်တယ်နော် Chan....

Chan:99.99 ကအမှန်တရားတွေဖြစ်နေလိမ့်မယ် Babe....

Baekhyun မျက်နှာကိုမကြည့်ပဲပြောနေတယ့်သူကြောင့် Baekhyun ခွိ ဆိုပီး အသံပိစိလေးမြည်အောင် ရယ်လိုက်မိတယ်.....

Chan: Hum? Babe ရယ်နေတယ်....

Baek:Wae? ခွိ...ဟီး...ဟား..ဟား...

ပြောလိုက်မိကာမှ ထအော်ရယ်နေသော Baekhyun..ကို Chanyeol နားမလည်..

Chan:Babe လေး ဘာကိုရယ်နေတာလဲ...အဲ့လောက်တောင်....ဟမ်?...

ထူးဆန်းသော ရှင်သန်ခြင်း (Completed)Donde viven las historias. Descúbrelo ahora