Chan:Baek ah......
Baekhyun ကိုရင်ခွင်ထဲထည့်ပီးဖက်ထားရင်း ခါတိုင်းနဲ့မတူပဲ နူးညံစွာ တိုးတိုးလေးခေါ်လိုက်တဲ့ Chanyeol အသံခပ်သြသြ ကြောင့် Baekhyun မျက်လုံးလေးများဝိုင်းကာ မော့ကြည့်လာတယ်.....
Chan:ကိုယ် ခရီးထွက်စရာရှိတယ် သုံးလေးရက်လောက် Babe Baek လေး နဲ့မတွေ့ရတော့ဘူးထင်တယ်.....Babe တစ်ယောက်တည်းဆိုပီး ပေါက်ကရတွေလျောက်မလုပ်ရဘူးနော် ဂရုစိုက်နေ မတည့်တာတွေမစားနဲ့ ဒါပေမယ့် အစားစားချိန်တော့ပုံမှန်စား တစ်ယောက်တည်းကျန်ခဲ့မှာ ဗိုက်တွေဘာတွေအောင့်နေရင် ဒုက္ခရောက်လိမ့်မယ် အော်....ရေကိုလည်းအကြာကြီးစိမ်မချိုးနဲ့နော် ည ဘက်ကျရင်လည်း စောစောအိပ် ညဥ့်နက်တဲ့ထိ မနေနဲ့...ပီးတော့....
Baek:Chan....
နှစ်ရက်သုံးရက်လောက်လေး ခရီးသွားရမှာကို စိတ်မချပဲ အကဲပိုကာ ပြာယာခက်နေတဲ့ သူ့ကိုကြည့်ပီး ပြုံးလိုက်မိတယ်...
Chan ဆိုတာလေ လူမဟုတ်ပေလို့ပဲ....နူးညံ့ပြီး ချစ်တတ်လွန်းတယ်....ကျနော့်အပေါ် အရမ်းဂရုစိုက်တယ်ပြီး တန်ဖိုးထားတယ်ဆိုတာ ပြောဖို့မလိုအောင် သူ့အပြုအမူလေးတွေကနေ သိနိုင်သည်လေ.....Chan:Babe......ကလေး ဘာတွေတွေးနေတာလည်း ကိုယ့်ခေါ်နေတာမထူးပဲ ဘာလို့ပြုံးပြီးစိုက်ကြည့်နေတာလဲ ကလေးရဲ့.....Hum?....,
Baek:ကျနော် ခင်ဗျား ကိုအရမ်းချစ်တာ သိလား...Chan.....
Chanyeol ပြောနေတဲ့ စကားနဲ့ ဆန့်ကျင်ပီး Baekhyun နှုတ်မှု တိုးညှင်းစွာထွက်လာတဲ့ စကားလုံးတွေ.....
ကျနော့် နာမည်ကို သူ့စိတ်ထဲမှာတွေးနေမိတဲ့အတိုင်းလေး ထုတ်ထုတ်ခေါ်တတ်ပီး သူ့နာမည် နာမ်စားကိုလည်း သူသဘောတွေ့သလို အမျိုးမျိုး သုံးနှုန်းတတ်တယ့်ကလေး....
သူနှုတ်ခမ်းပိစိလေးက ထွက်ကျလာသမျှ စကားလုံးတိုင်းကို ကျနော်က သဘောကျတာမို့ အခု သုံးလိုက်တဲ့ "ကျနော်နဲ့ခင်ဗျား"ဆိုတဲ့ နာမ်စားလေးနှစ်ခုကိုလည်း နှစ်သက်မိပြန်တယ်....
ပီးတော့ သူကျနော့်ကို အရမ်းချစ်တာကိုပါ လေးလေးနက်နက် ပြောနေပြန်တယ်.....မင်းဘယ်လောက်ထိ ကိုယ့်ကို နှိပ်စပ်ဖို့ စဉ်းစားထားတာလဲ Babe ရယ်....
ВЫ ЧИТАЕТЕ
ထူးဆန်းသော ရှင်သန်ခြင်း (Completed)
Детектив / ТриллерBaek: သူတို့ကဘာလို့ ညဘက်မှ ကျောင်းတက်ကြတာလဲ...... ~Super Natural~ ChanBaek Yaoi Covered photo by LenCo Graphics