Part 23

2.3K 165 4
                                    

Kai:Chanyeol မင်းတို့ကိစ္စကို ပြတ်သွားအောင် သေချာ ရှင်းလိုက်သင့်တယ်.....

D.O:ဟုတ်တယ်...မင်းတို့ King Hunter နဲ့ တွေ့သင့်နေပြီ....သူတို့အရင်မရောက်လာခင်..မင်းတို့ကြိုသွားလိုက်တာပိုကောင်းတယ်...

Chan:ငါလည်း အဲ့လိုစဉ်းစားပြီးသားပါ...Baekhyun ကို ဘယ်လိုမှအထိခိုက်မခံနိုင်ဘူး....

ကျွန်တော့စကားကြောင့် ပြုံးပြီးခေါင်းလေးငုံ့သွားတဲ့ သူ...ဒီလောက်ထိချစ်ဖို့ကောင်းတဲ့ သူလေးကို ကျွန်တော်ဘယ်လိုမှလက်လွတ်မခံနိုင်ပါဘူး....
Arnyi ဘယ်လိုမှ လက်လွှတ်မခံဘူး..

Chanyeol ရော Baekhyun ရော သူ့တို့အတွေးနဲ့သူတို့ငြိမ်နေကြပေမယ့် Sehun နဲ့ Luhan ကတော့ ဂနာမငြိမ်ဖြစ်နေကြသည်.....

Luhan က Baekhyun ထက်ပိုပြီး ကြောက်တတ်တာကြောင့် Sehun မှာ King Hunter နဲ့တွေ့ဖို့ကို ဘယ်လိုမှပြောမရဆိုမရဖြစ်နေသည်...

>>>>>>>>

အချိန်ဆွဲနေလျှင်အားလုံးအတွက်အကျိုးမရှိတာမို့ Growth forest သို့သွားရန်သာ ဆုံးဖြတ်ခဲ့ကြသည်...

Chan:Baek..Babe လုံးဝကြောက်စရာမလိုဘူး...ကိုယ့်တစ်ယောက်တည်းကိုပဲကြည့်ပါ...

Baekhyun က ခေါင်းလေးငြိမ့်ပြီး Chanyeol လက်ကိုပိုတင်းအောင်ဆုပ်ကိုင်လိုက်သည်...

ဘေးက Sehun ကလဲ Luhan ကို အားပေးစကားတွေပြောနေတယ်....

Suho:တစ်ခုခုဆိုးဆိုးရွားရွားဖြစ်ခဲ့ရင်တောင် အားတင်းထားကြပါ....Hyung တို့ကြုံရမယ့်အရာတွေက လွယ်ကူမှုမရှိဘူးဆိုတာ အားလုံး စိတ်ထဲမှာ ထည့်ထားကြ....

All:Nae...

Kai:ငါတို့ အဆုံးသတ်ကို အရင်ကြည့်ကြမလား....

Kai ရဲ့စကားကြောင့် အားလုံးတိတ်ဆိတ်သွားကြသည်....

Lay:မင်းတို့အားလုံးရဲ့သဘောကို ပြောပါ...

Suho:အားလုံးဘယ်လိုဖြစ်စေချင်လဲ...

Baek:ငါ..ငါတော့ မသိချင်ဘူး....

Chan:ကြိုသိထားရင် ကြိုပြီးပြင်ဆင်လို့ရတာပေါ့ ကလေးရယ် နော်....

Chanyeol က Baekhyun ရဲ့မေးစေ့လေးကိုကိုင်ကာပြောလိုက်တယ်....

D.O:Kai ya...

ထူးဆန်းသော ရှင်သန်ခြင်း (Completed)Donde viven las historias. Descúbrelo ahora