Part 20

2.6K 228 5
                                    

Baek:Chan ah.......

Hyung တို့ဆီက ပြန်ရောက် ထဲက ငြိမ်နေတဲ့သူ.....အခုမှ အသံပျော့ပျော့လေးနဲ့ စကားစလာတယ်.....

Chan:Hum?

Baek:.....

နာမည်ခေါ်ပြီးကာမှ ပြောဖို့တွေဝေနဲ့တဲ့သူ.....
လက်သည်း ကို ကိုက်ပြီး တိဆိတ်နေပုံလေးက......
ဘယ်လိုတောင် ချစ်ဖို့ကောင်းရတာလဲ Baekhyun ရယ်......

Chanyeol Baekhyun ကို ခန ပြုံးပြီးကြည့်ပီးမှ.....

Chan:Babe ဘာဖစ်နေလဲ ဆိုတာ ကိုယ်သိပါတယ်......ဘာမှတွေးဖို့မလိုဘူး.....ကိုယ့်တစ်ယောက်တည်းကိုပဲကြည့်ပါ......

Chanyeol ပြောရင်း Baekhyun ကိုယ်လေးကို ပေါင်ပေါ်ဆွဲတင်ပြီး ဖက်ထားလိုက်တယ်......

Baekhyun သက်ပြင်းရှည်တချက် ချလိုက်ပြီး Chanyeol ရဲ့ ခေါင်းပေါ်ကို သူ့ခေါင်းလေးထပ်တင်ပြီး မှီချလိုက်သည်.......

Baek:မင်း ငါ့ကြောင့် အခက်တွေ့နေရပြီ.......

တိုးညှင်းတဲ့ လေသံနဲ့ အားငယ်နေကာ သူ့ကိုာ်သူအပြစ်ပုံချနေတဲ့ Baekhyun ကို Chanyeol မကျေနပ်သလို အသည်းလည်းယားနေမိသည်.....

Chan:Babe မင်း ကိုယ့် ကို အခု ငုံကြည့်လိုက်.....

သူ့ခေါင်းပေါ်ကို ထပ်မှီထားတဲ့ Baekhyun မျက်နှာကို မြင်ရစေရန် Chanyeol က သူ့ကို ငုံ့ကြည့်ခိုင်းလိုက်သည်.....

Baek:Hum??~~

ပြွတ်စ်!~

Baek:ဟာ....Chan ကလည်း......အု...

ပြွတ်စ်~! ပြွတ်စ်~!

ဖိကပ်ထားပြီး စုပ်ယူနေတာ မဟုတ်ပဲ နှုတ်ခမ်းကို ထိ လိုက် ခွာ လိုက်နဲ့ အသံမထွက်ထွက်အောင် စုပ်ယူနေရင်း တချက်တချက် လျှာနဲ့ လာလာသပ်သည်မို့ အကြောတွေထဲပင်စိမ့်လာသလို ခံစားရသည်.......

Baek:Hum~~

Baekhyun ငြီးသံတွေပါထွက်လာပီး.....အသက်ရှူမဝတော့မှ Chanyeol က ရပ်ပေးလိုက်သည်.......

Chan:အခု အားလုံးကို မတွေးပဲနေလို့ ရပီလား.....Hum?~~

Chanyeol က မေးလေးငေါ့ကာ နူးနူးညံ့ညံ့လေး မေးလိုက်တာကြောင့် Baekhyun ပါးလေးတွေရဲလာကာ ခေါင်းလေး ငုံ့ကျသွားသည်......

ထူးဆန်းသော ရှင်သန်ခြင်း (Completed)Onde histórias criam vida. Descubra agora